ဇာတ်ကားများ ရွေးရန်

Maundy Thursday

2006ဇာတ်ကားအမှတ် 7.4/10120 မိနစ်

Maundy Thursday (2006) IMDb Rating (7.4) မင်းသားကြီး Kang Dong-won နဲ့ မင်းသမီးကြီး Lee Na Young တို့ သရုပ်ဆောင်ထားတဲ့ နာမည်ကြီး ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးပါရစေ။ ဒီဇာတ်ကားရုံတင်ခဲ့တုန်းက လက်မှတ်စောင်ရေ ၂.၅ သန်းကျော် အထိ ရောင်းချခဲ့ရပြီးတော့ Chunsa Film Art Awards မှာ အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံး ဇာတ်ညွှန်းဆုနဲ့ အကောင်းဆုံး တေးဂီတဆုတွေကို ဆွှတ်ခူးနိုင်ခဲ့ဇာတ်ကားကောင်းလေး ဖြစ်တဲ့အတွက် ကြည့်ကို ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားပါပဲနော်။ ဇာတ်လမ်းအညွှန်း ယူဂျောင်းဟာ ချမ်းသာတဲ့မိသားစုကလာပြီး တက္ကသိုလ်ကထိကတစ်ယောက် ဖြစ်ပေမဲ့လည်း အတိတ်က အဖြစ်အပျက်တစ်ခုကြောင့် ဘဝကို အရမ်းမုန်းတီးပြီး သေကြောင်းကြံစည်ဖို့ ၃ ကြိမ်တိုင်တိုင် ကြိုးစားခဲ့သူ ဖြစ်သလို သူ့မိခင်ကိုလည်း မုန်းတီးနေပြီးတော့ ဘဝမှာ ဘာမျှော်လင့်ချက်မှ မရှိတော့တဲ့ အဆုံး အဒေါ်ဖြစ်သူ (သီလရှင်) ရဲ့ တိုက်တွန်းမှုကြောင့် ထောင်ထဲက သေဒဏ်ကျအကျဉ်းသားတွေကို သွားရောက်တွေ့ဆုံတဲ့ အလုပ်ကို ကူညီပေးနေတဲ့သူပါ။ အဲဒီမှာ သူနဲ့ ဆုံတွေ့ခဲ့တာကတော့ ယွန်းဆူလို့ခေါ်တဲ့ အကျဥ်းသားပဲ ဖြစ်ပါတယ်။ ယွန်းဆူကတော့ ဆင်းရဲလွန်းလှတဲ့ ဘဝနောက်ခံ၊ စိတ်ဒဏ်ရာတွေနဲ့အတူ လူသတ်မှုကျူးလွန်ခဲ့လို့ ကြိုးပေးခံရမယ့်ရက်ကို စောင့်ဆိုင်းနေရတဲ့ သေဒဏ်ကျအကျဉ်းသားတစ်ယောက်ပါ။ ဘဝကို အဆုံးသတ်ချင်နေတဲ့ လူနှစ်ယောက်ဟာ ကြာသပတေးနေ့တိုင်း ထောင်ဝင်စာတွေ့ဆုံခန်းလေးထဲမှာ ဆုံတွေ့ရင်း တစ်ယောက်ရဲ့ ဒဏ်ရာကို တစ်ယောက်က နားလည်ပေးလာကြပြီးတော့ တဖြည်းဖြည်းနဲ့ သူတို့ဘဝမှာ ပျော်ရွင်မှုကို ရှာတွေ့လာတဲ့အချိန်မှာ ယွန်းဆူရဲ့ သေဒဏ်စီရင်မယ့်ရက်က နီးကပ်လာတဲ့အခါမှာ‌တော့.... File Size : 2.08GB/ 990MB Quality : WEB-DL 1080p/ 720p Format : mp4 Duration : 2hr 04m Genre : Psychological, Romance, Melodrama Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း