ဇာတ်ကားများ ရွေးရန်

Once Upon a Time in High School

2004ဇာတ်ကားအမှတ် 7.4/10116 မိနစ်

Once Upon a Time in High School (2004) IMDb Rating (7.4) မင်းသား Kwon Sang Woo, Lee Jung Jin နဲ့ မင်းသမီး Han Ga In တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Once Upon a Time in High School ဆိုတဲ့ ဇာတ်ကားကို ပရိသတ်ကြီးတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းကတော့ ၁၉၇၈ ခုနှစ် ကိုရီးယားစစ်အာဏာရှင်ခေတ်က စစ်တပ်စတိုင် အုပ်ချုပ်ပြီး ရက်စက်ကြမ်းကြုတ်လွန်းတဲ့ "ဂျောင်မွန်းအထက်တန်းကျောင်း" ကို "ဟျွန်းဆူ" ဆိုတဲ့ ကျောင်းသားသစ်လေး ပြောင်းရွှေ့လာရာကနေ စတင်ပါတယ်။ ဟျွန်းဆူဟာ ဘရုစ်လီကို အားကျပြီး နံချပ်ကူကစားရတာ ဝါသနာပါပေမဲ့ တကယ်တမ်းတော့ အေးအေးဆေးဆေးနဲ့ သီချင်းနားထောင်ရတာ နှစ်သက်တဲ့ လူ‌အေးလေးတစ်ယောက်ပါ။ ဒါပေမဲ့ အဲဒီကျောင်းမှာ ဆရာတွေကိုယ်တိုင်က ကျောင်းသားတွေကို မတရား နှိပ်စက်သလို ကျောင်းတွင်းမှာလည်း ဗိုလ်ကျစိုးမိုးနေတဲ့ ကျောင်းသားလူမိုက်အုပ်စုတွေ ရှိနေပါတယ်။ ဟျွန်းဆူတစ်ယောက် ကျောင်းရဲ့ စံပြလူမိုက် အူရှစ်နဲ့ သူငယ်ချင်းဖြစ်သွားပြီးနောက် အွန်းမြောင်း မိန်းကလေးအထက်တန်းကျောင်းက လှပတဲ့ မိန်းကလေးတစ်ယောက်ကို နှစ်ယောက်စလုံး ပြိုင်တူချစ်မိသွားတဲ့အခါမှာတော့ သူတို့ရဲ့ သူငယ်ချင်းသံယောဇဉ်တွေ စတင်အက်ကြောင်းထလာပါတယ်။ ဒီလိုနဲ့ ကျောင်းတက်နေရင်း ဆရာတွေရဲ့ မတရားဖိနှိပ်မှု၊ အနိုင်ကျင့်တဲ့ အဖွဲ့တွေရဲ့ ရက်စက်မှုနဲ့ အချစ်ရေးမှာ နာကျင်ရမှုတွေ အားလုံး စုပြုံလာတဲ့အခါ အေးချမ်းလှတဲ့ ဟျွန်းဆူတစ်ယောက် နှလုံးသားထဲက ဒေါသတွေကို မထိန်းနိုင်တော့ဘဲ ကျောင်းစည်းကမ်းထိန်းသိမ်းရေး အဖွဲ့ခေါင်းဆောင်ကို တော်လှန်ဖို့ ဖြစ်လာတဲ့အခါမှာတော့.... ဒီရုပ်ရှင်ဟာ အက်ရှင်သက်သက်တင်မဟုတ်ဘဲ သူငယ်ချင်းသံယောဇဉ်၊ ခါးသီးတဲ့ ပထမဆုံးအချစ်ဦး၊ အလွမ်းနဲ့ ခေတ်ဆိုးကြီးရဲ့ ဒဏ်ရာတွေကို ရင်ထဲထိအောင် ရိုက်ပြသွားတဲ့ ကိုရီးယားဂန္ထဝင် အထက်တန်းကျောင်း ရုပ်ရှင်ကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ File Size : 3.35GB/ 1.55GB Quality : NF WEB-DL 1080p/ 720p Format : mp4 Duration : 1hr 59m Genre : Action, Youth, Drama, Romance, Martial Arts Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း