ဇာတ်ကားများ ရွေးရန်

Troubleshooter

2010ဇာတ်ကားအမှတ် 6.7/10100 မိနစ်

Troubleshooter (2010) IMDb Rating (6.7) 2010 တုန်းက ထွက်ရှိခဲ့တဲ့ အက်ရှင်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဓိကသရုပ်ဆောင်တွေအနေနဲ့ Hyper Knife ထဲက မင်းသားကြီး Sul Kyung Gu၊ The King: Eternal Monarch ထဲက မင်းသား Lee Jung Jin တို့အပြင် Teach You a Lesson ထဲက မင်းသားကြီး Lee Sung Min နဲ့ Cashero ထဲက မင်းသမီး Kim Hyang Gi တို့ကလည်း ပါဝင်အားဖြည့်ထားတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း ရဲဝန်ထမ်းဟောင်းဖြစ်တဲ့ ဂန်ထယ်ရှစ် (Sul Kyung Gu) ဟာ အိမ်ထောင်ရေး ဖောက်ပြန်တဲ့အမှုတွေကို လက်ပူးလက်ကြပ်ဖမ်းပေးတဲ့ အလုပ်ကို လုပ်ကိုင်နေသူပါ။ တစ်နေ့မှာ ဇနီးဖြစ်သူကို သတ်ခဲ့တဲ့ ကွင်းဆက်လူသတ်သမားရဲ့ နောက်ထပ် လူသတ်မှုတစ်ခုမှာ တရာခံအဖြစ် အကွက်ဆင်ခံလိုက်ရပြီး ဂန်ထယ်ရှစ်ရဲ့ စွန့်စားခန်းတွေ စတင်လာပါတော့တယ်။ နောက်ကွယ်က အကွက်ချ စီစဉ်ခံရပြီးနောက် ကြိုးကိုင်သူရဲ့ ခိုင်းစေမှုနဲ့ ဂန်ထယ်ရှစ်တစ်ယောက် နိုင်ငံရေးကိစ္စတွေနဲ့ပါ ပါဝင်ပတ်သက်သွားရင်း အပြစ်ကင်းကြောင်း ပြသဖို့ လွတ်လမ်းရှာဖွေပုံတွေ နောက်ကွယ်က ကြိုးကိုင်နေသူကို ဖော်ထုတ်ပြီး အမှုဖြေရှင်းပုံတွေကို စိတ်ဝင်တစားကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။ နာမည်ကြီး သရုပ်ဆောင်တွေ ပါဝင်ထားပြီး အက်ရှင်ကားကောင်းတွေကို ကြိုက်နှစ်သက်သူတွေအတွက် လက်မလွှတ်သင့်တဲ့ကားလေးဖြစ်ကြောင်း ညွှန်းပေးလိုက်ပါတယ်နော်။ File Size : 1.76GB/ 910MB Quality : NF WEB-DL 1080p/ 720p Format : mp4 Duration : 1hr 40m Genre : Action, Crime, Drama, Political Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း