The Tourist
ရုရှားမာဖီယားဂိုဏ်းတစ်ခုမှာ ငွေထိန်းလူယုံအဖြစ် လုပ်နေတဲ့ အလက်ဇန္ဒား ပီးရက်ဟာ သူ့သူဌေးဆီက ဒေါ်လာသန်း ၂၀၀ ကျော်ကို ဘုံးပြီး ပျောက်သွားပါတယ်။ စကော့တလန်ယာဒ့် စုံထောက်အဖွဲ့ဆီကလည်း ပေါင် ၇၃၃ သန်း ဘုံးသွားခဲ့တယ်။ သူ့ကို နှစ်နှစ်လုံး လိုက်ရှာပေမယ့် အစအနတောင် မတွေ့ခဲ့ကြဘူး။ စကော့တလန်ယာဒ့်ဘက်ကလည်း သူ့ကိုဖမ်းမိဖို့ ပေါင် ၈ သန်းကျော် သုံးခဲ့ပြီးပါပြီ။ အထူးစုံထောက် အာချက်ဆင် ဦးဆောင်တဲ့အဖွဲ့က ပီးရက်ရဲ့ဇနီး အဲလစ်နောက်ကို မျက်ခြည်မပြတ် လိုက်စုံစမ်းနေပါတယ်။ ဒါပေမဲ့ အဲဒီလို စောင့်ကြည့်နေတဲ့ကြားကပဲ လင်မယားနှစ်ယောက် ဆက်သွယ်မိသွားပြီး ပီးရက်က အဲလစ်ကို အီတလီနိုင်ငံ ဗင်းနစ်မြို့မှာ တွေ့ဖို့ ခေါ်လိုက်တယ်။ ပဲရစ်ကနေ ဗင်းနစ်ကို သွားတဲ့ရထားပေါ်မှာ အဲလစ်ဟာ ကမ္ဘာလှည့်ခရီးသည်တစ်ယောက်နဲ့ ဆုံမိပါတယ်။ အဲဒီတွေ့ဆုံမှုကနေ ပြဿနာတွေ စလာပြီး ရုရှားဂိုဏ်းခေါင်းဆောင်၊ စကော့တလန်ယာဒ့်စုံထောက်တွေ၊ ပီးရက်နဲ့ အဲလစ်တို့ကြားမှာ ဒီခရီးသည်က ဘယ်လိုပါဝင်ပတ်သက်လာမလဲဆိုတာ ဆက်တွေ့ရမှာပါ။ ဂျော်နီဒပ်နဲ့ အန်ဂျလီနာဂျိုလီတို့ အဓိကပါဝင်ထားတဲ့ အက်ရှင်၊ မှုခင်းနဲ့ လျှို့ဝှက်သည်းထိတ်ရင်ဖို ဇာတ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း