ဇာတ်ကားများ ရွေးရန်

Fate

2008ဇာတ်ကားအမှတ် 6.5/10123 မိနစ်

Fate (2008) IMDb Rating (6.5) ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီ "Fate" ရုပ်ရှင်ဟာဆိုရင် ကိုရီးယား neo-noir action thriller အမျိုးအစား ရုပ်ရှင်တွေကို ကြိုက်နှစ်သက်သူတွေကြားမှာ ရေပန်းစားခဲ့တဲ့ဇာတ်ကားတစ်ကားပါ။ အထူးသဖြင့် မင်းသားကြီး Song Seung Heon, Kwon Sang Woo နဲ့ Ji Sung တို့လို ထိပ်တန်းမင်းသားတွေ အပြိုင်အဆိုင်ပါဝင်ထားကြတဲ့အပြင် Kim In Kwon, Ahn Nae Sang တို့လို နာမည်ကြီးဇာတ်ပို့တွေကလည်း မြိုင်မြိုင်ဆိုင်ဆိုင်ပါဝင်အားဖြည့်ပေးထားတာမို့ တစ်ချိန်က လူကြိုက်များခဲ့တဲ့ဇာတ်ကားကောင်းတစ်ကောင်းပေါ့။ အမြဲတမ်း hero နေရာမှာပဲမြင်တွေ့ရတတ်တဲ့ မင်းသား Kwon Sang Woo ကို ဒီကားမှာတော့ ထူးထူးခြားခြားအနေနဲ့ villain နေရာကနေ မြင်တွေ့ရမှာမို့ တစ်မျိုးဆန်းသစ်တဲ့ ရသကိုလည်း ခံစားရစေမှာပါ။ ဇာတ်လမ်းအကျဥ်းအနေနဲ့က... ငယ်စဥ်တည်းက ရင်းနှီးလာကြတဲ့ သူငယ်ချင်း ၄ ယောက်ရဲ့ ကံကြမ္မာအပြောင်းအလဲနဲ့ သစ္စာဖောက်မှု အကြောင်းကို ရိုက်ကူးထားတာပါ။ အူမင် (Song Seung Heon) နဲ့ သူ့သူငယ်ချင်းတွေက ဂိုဏ်းစတားလောကမှာ ကျင်လည်နေကြသူတွေဖြစ်ပြီး တစ်နေ့မှာတော့ သူတို့ရဲ့ ဂိုဏ်းခေါင်းဆောင်ဆီကနေ ပိုက်ဆံတွေ ခိုးယူပြီး ဒီလောကကနေ အပြီးအပိုင် ထွက်ခွာဖို့ ကြံစည်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူငယ်ချင်း ၄ ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ချောဂျွန်း (Kwon Sang Woo) ရဲ့ လောဘကြောင့် အစီအစဥ်က ပျက်စီးသွားခဲ့ပြီး အူမင်လည်း ထောင်ကျသွားခဲ့ပါတယ်။ အူမင် ထောင်ကပြန်ထွက်လာတဲ့အခါ အရင်ကတတွဲတွဲဖြစ်ခဲ့တဲ့ သူငယ်ချင်းတွေက ရန်သူတွေဖြစ်ကုန်ပြီး နာကျင်စရာကောင်းတဲ့ ကလဲ့စားချေမှုတွေ ကံကြမ္မာရဲ့ ရက်စက်မှုတွေနဲ့ ရင်ဆိုင်လာရတဲ့အခါမှာတော့ .. Action thriller ကား ကြိုက်နှစ်သက်သူတွေအဖို့ ဒီကားလေးက လက်မလွှတ်သင့်တဲ့ ကားကောင်းတစ်ကားဖြစ်တာမို့ တင်ဆက်ပေးလိုက်ပါတယ်။ File Size : 1.56GB/ 750MB Quality : WEB-DL 1080p/ 720p Format : mp4 Duration : 2hr 05m Genre : Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း