The Deal
The Deal (2015) IMDb Rating (6.5) The Deal (2015) ရုပ်ရှင်ဟာ လူမဆန်တဲ့ လူသတ်သမားတစ်ယောက်ကြောင့် ဘဝပျက်သွားခဲ့ရတဲ့ လူနှစ်ယောက်ရဲ့ နာကျည်းချက်နဲ့ ကံကြမ္မာအလှည့်အပြောင်းကို သည်းထိတ်ရင်ဖို ပုံဖော်ထားတဲ့ Crime/Thriller အမျိုးအစား ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဒီကားမှာတော့ Bloodhounds ထဲမှ မင်းသား Park Sung-woong၊ Moving ထဲမှ မင်းသား Kim Sung-kyun နဲ့ Fifties Professionals ထဲမှ မင်းသား Kim Sang-kyung တို့က အဓိက သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်း စုံထောက်တစ်ယောက်ဖြစ်တဲ့ မင်ထယ်ဆူ (Kim Sang-kyung) ဟာ တရားခံမမိဘဲ ပျောက်ဆုံးနေတဲ့ ကွင်းဆက်လူသတ်မှုတစ်ခုကို လိုက်လံစုံစမ်းနေရင်း တိုက်တိုက်ဆိုင်ဆိုင်ပဲ ယာဉ်တိုက်မှုတစ်ခုကနေတစ်ဆင့် ရက်စက်လှတဲ့ တရားခံ ဂျိုဂန်းချွန်း (Park Sung-woong) ကို ဖမ်းဆီးရမိခဲ့ပါတယ်။ ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက ထယ်ဆူရဲ့ ညီမဖြစ်သူဟာလည်း ဒီလူသတ်သမားရဲ့ နောက်ဆုံး သားကောင်ဖြစ်ခဲ့ရသလို တစ်ဖက်မှာလည်း ဇနီးသည်ကို ဆုံးရှုံးလိုက်ရတဲ့ ယောက်ျားဖြစ်သူ အီဆွန်းဟျွန်း (Kim Sung-kyun) ဟာ သောကမီးတွေတောက်လောင်ပြီး လူသတ်သမားအပေါ် ကလဲ့စားချေဖို့ ခံပြင်းစိတ်တွေနဲ့ ပျောက်ကွယ်သွားခဲ့ပါတယ်။ ပြီးပြည့်စုံတဲ့ ကလဲ့စားချေမှုအတွက် ၃ နှစ်ကြာအောင် အသံတိတ် စောင့်ဆိုင်းပြင်ဆင်ပြီးတဲ့အခါမှာတော့... ဥပဒေက အပြစ်ပေးလို့မရတဲ့ လူသတ်သမားကို သူတို့နှစ်ယောက်က ဘယ်လိုနည်းလမ်းတွေနဲ့ သွေးကြွေးပြန်ဆပ်ကြမလဲ... နာကျင်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ကလဲ့စားချေခြင်းရဲ့ အဆုံးသတ်က ဘယ်လိုဖြစ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ File Size : 2.04GB/ 900MB Quality : NF WEB-DL 1080p 5.1CH/ 720p Format : mp4 Duration : 1hr 44m Genre : Action, Crime, Thriller, Mystery Subtitle : Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း