ဇာတ်ကားများ ရွေးရန်

A Diamond in the Rough

2019ဇာတ်ကားအမှတ် 7.4/10108 မိနစ်

A Diamond in the Rough (2019) IMDb Rating (7.4) ဒီရုပ်ရှင်လေးကတော့ 2019 ခုနှစ်ကထွက်ရှိခဲ့တဲ့ ဝါရင့်သရုပ်ဆောင်မင်းသမီးကြီး Kim Hae-Sook နဲ့ မင်းသား Son Ho-Jun တို့ရဲ့ မိဘမေတ္တာကိုဖော်ကျူးထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ “အမှောင်ဆုံးညတွေမှာတောင် လမ်းပြပေးမယ့် တစ်ခုတည်းသောမီးအိမ်ဟာ မိခင်ရဲ့မေတ္တာတရားပါပဲ။” လူတိုင်းအမှားနဲ့မကင်းကြသလို၊ တစ်ခါတလေ ကိုယ်လျှောက်လိုက်တဲ့ လမ်းမှားတစ်ခုက ဘဝတစ်ခုလုံးကို ပျက်စီးသွားစေတတ်ပါတယ်။ ဒီဇာတ်ကားလေးမှာတော့ အဲဒီလို လမ်းမှားရောက်သွားတဲ့ သားတစ်ယောက်နဲ့ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် သားဖြစ်သူရဲ့လက်ကို မလွှတ်တမ်းဆုပ်ကိုင်ထားခဲ့တဲ့ မိခင် တစ်ယောက်ရဲ့ ဇာတ်လမ်းလေးကိုရင်နင့်ဖွယ်မြင်တွေ့ရမှာပါ။ -ဇာတ်လမ်းအကျဉ်း- ဂီဂန် (Son Ho-jun) ဟာ ငယ်ငယ်ကတည်းက ဉာဏ်ကောင်းပြီး ထက်မြက်တဲ့ကောင်လေးတစ်ယောက်ပါ။ ဒါပေမဲ့ မိခင်ဖြစ်သူ ဆွန်းအို့ (Kim Hae-sook) ရဲ့ ဆင်းရဲနွမ်းပါးမှုနဲ့ ကျွန်းပေါ်မှာ ပိတ်လှောင်နေတဲ့ ဘဝကို သူ မနှစ်သက်ပါဘူး။ ဘဝမှာ ကြီးပွားအောင်မြင်ချင်တဲ့ ဇောတစ်ခုတည်းနဲ့ ဂီဂန်ဟာ သူ့ညီမလေးနဲ့ အမေကို ထားခဲ့ပြီး ဆိုးလ်မြို့ကို အလုပ်လုပ်ဖို့ ထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ လောဘနဲ့ လမ်းမှားတွေရဲ့ သွေးဆောင်မှုနောက်ကို ပါသွားရင်းကနေ ဂီဂန်တစ်ယောက် နောက်ဆုံးမှာတော့ လူသတ်မှုတစ်ခုနဲ့ ဖမ်းဆီးခံလိုက်ရကာ သေဒဏ်ချမှတ်ခံလိုက်ရပါတော့တယ်။ တစ်ဖက်မှာလည်း စာတောင် ကောင်းကောင်းမတတ်၊ အေးဆေးရိုးသားစွာ နေထိုင်တတ်တဲ့ အမေဖြစ်သူဟာ သားဖြစ်သူ သေဒဏ်ကျတော့မယ်ဆိုတဲ့ သတင်းကို ကြားတဲ့အခါမှာတော့ သူ့ရဲ့ကမ္ဘာကြီးပျက်သွားခဲ့ရပါတော့တယ်။ ထောင်ထဲက သားဖြစ်သူရဲ့ နောင်တတရားတွေ.... မိခင်ဖြစ်သူရဲ့ သားကိုကယ်တင်ဖို့အတွက် ကြိုစားရုန်းကန်မှုတွေ.... မေတ္တာတရားတွေက ကြည့်ရှုသူပရိသတ်ကြီးကို မျက်ရည်ဝဲစေမှာ မလွဲဧကန်ပါပဲ။ မိခင်တစ်ယောက်ရဲ့ မေတ္တာတရား ကြီးမားပုံကို ကောင်းကောင်းကြီးခံစားရမယ့် ဇာတ်လမ်းကောင်းလေးဖြစ်တဲ့အပြင် IMDb Rating ကလည်း 7.4 ထိ ရရှိထားတာမို့ လုံးဝလက်မလွှတ်သင့်ပါဘူးနော်။ File Size : 1.08GB/ 560MB Quality : WEB-DL 1080p/ 720p Format : mp4 Duration : 1hr 50m Genre : Drama, Family Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း