Beyond Outrage
Beyond Outrage (2012) IMDb Rating (7.0) ဂျပန်ရုပ်ရှင်လောကရဲ့ ဂန္ထဝင်ဒါရိုက်တာကြီးဖြစ်တဲ့ Takeshi Kitano ကိုယ်တိုင် ဇာတ်ညွှန်းရေး၊ ဒါရိုက်တာလုပ်ပြီးတော့ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ Outrage ရဲ့ ဇာတ်လမ်းအဆက်လေးကို တင်ဆက်ပေးချင်ပါတယ်။ ပထမကားမှာဖြစ်ခဲ့တဲ့ သွေးချောင်းစီး ဂိုဏ်းတွင်းစစ်ပွဲအပြီး ၅နှစ်အကြာမှာ ဇာတ်လမ်းကို စတင်ထားပါတယ်။ ဆန်နိုဂိုဏ်းဟာ ခေါင်းဆောင်အသစ် ကာတိုရဲ့လက်အောက်မှာ စီးပွားရေးလောကထဲအထိ အာဏာကို ချဲ့ထွင်လာပြီး ပိုမို အင်အားကြီးလို့လာခဲ့ပါတယ်။ ဆန်နိုဂိုဏ်း အင်အားကြီးလာတာကို မလိုလားတဲ့ စုံထောက်ကြီး ကာတိုကာဟာ ဆန်နိုဂိုဏ်းကို ဖြိုခွင်းနိုင်ဖို့အတွက် အကွက်ချပါတော့တယ်။ သူဟာ ဆန်နိုဂိုဏ်းနဲ့ အပြိုင်ဖြစ်နေတဲ့ ဟာနာဘီရှီဂိုဏ်းကို သွားရောက်သွေးထိုးကာ ဆန်နိုဂိုဏ်းနဲ့ စစ်ပွဲတွေဖြစ်အောင်လုပ်ပါတော့တယ်။ အဲဒီအပြင် ပထမကားထဲမှာ သေသွားပြီလို့ အားလုံးထင်ထားခဲ့တဲ့ အိုတိုမိုဟာ ထောင်ထဲမှာ အသက်ရှင်ကျန်ရစ်လို့နေပါတယ်။ အိုတိုမိုကို ထောင်ကနေ လွှတ်ပေးပြီးတော့ ဂိုဏ်းနှစ်ခုကြားက ပြဿနာထဲကို ဆွဲသွင်းလိုက်တဲ့အချိန်မှာတော့ ......... အတိတ်က သစ္စာဖောက်မှုတွေအတွက် လက်စားချေမဲ့ အိုတိုမိုနဲ့ ဂိုဏ်းနှစ်ခုကြားက ကောက်ကျစ်ဆန်းပြားတဲ့ ဒုတိယအကြိမ်မြောက် ယာကူဇာစစ်ပွဲကြီး ဖြစ်ပွားလာပုံကို မြင်တွေ့ရမှာဖြစ်ပါတယ်။ File Size : 1.74GB/ 620MB Quality : BluRay 1080p 5.1CH/ 720p Format : mp4 Duration : 1hr 50m Genre : Action, Crime, Thriller, Drama Subtitle : Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း