ဇာတ်ကားများ ရွေးရန်

Tafiti: Across the Desert

2025ဇာတ်ကားအမှတ် 7.2/1082 မိနစ်

Tafiti: Across the Desert (2025) ++++++++++++ ဒီတစ်ခါတော့ ကလေးတွေရော လူကြီးတွေပါ ပေါ့ပေါ့ပါးပါး ကြည့်လို့ကောင်းမယ့် အန်နီမေးရှင်း ဇာတ်ကားလေးတစ်ကား တင်ပေးထားပါတယ်။ နာမည်ကတော့ "Tafiti: Across the Desert" လို့ခေါ်ပြီး ၂၀၂၅ ခုနှစ်မှာ ထွက်ရှိထားတာပါ။ တိရစ္ဆာန်လေးတွေရဲ့ ခင်မင်မှုတွေ၊ စွန့်စားခန်းတွေကို အပျင်းပြေ ကြည့်ရှုရမယ့် မိသားစုကြည့် ဇာတ်ကားကောင်းလေးတစ်ကားပါ။ ဇာတ်လမ်းအကျဉ်း ++++++++++++ တာဖီတီ (Tafiti) ဆိုတာ အသက် ၁၂ နှစ်အရွယ် မီယာကတ် (meerkat) လေး တစ်ကောင်ပါ။ သူ့အဘိုးက မီယာကတ်တွေဟာ တခြားအကောင်တွေနဲ့ မပတ်သက်ဘဲ ကိုယ့်အမျိုးနဲ့ကိုယ်ပဲ နေရမယ်လို့ တင်းကျပ်တဲ့ စည်းကမ်းတွေ ထုတ်ထားပါတယ်။ ဒါပေမဲ့ တာဖီတီက အဲဒီစည်းကမ်းတွေကို နားမထောင်ဘဲ ဘရစ်စတယ် (Bristles) လို့ခေါ်တဲ့ တောဝက်လေးတစ်ကောင်ကို အိမ်ခေါ်လာခဲ့တယ်။ ပြဿနာက အဲဒီကစတာပါပဲ။ ဘရစ်စတယ်ကြောင့် မတော်တဆဖြစ်ပြီး အဘိုးကို အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်က ကိုက်သွားပါလေရော။ အဘိုးက မြွေဆိပ်တက်နေတဲ့ကြားက တခြားအမျိုးအနွယ်တွေနဲ့ ဘယ်တော့မှ မပတ်သက်တော့ဘူးလို့ တာဖီတီကို ကတိတောင်းခဲ့တယ်။ ပြီးတော့ ဒဏ်ရာဟောင်း၊ ဒဏ်ရာသစ် အားလုံးကို ပျောက်ကင်းစေနိုင်တဲ့ ဒဏ္ဍာရီလာ ပန်းပြာလေးတစ်ပွင့် အကြောင်းကို ပြောပြပါတယ်။ ဒါနဲ့ပဲ အဘိုးကို ကယ်တင်ဖို့အတွက် တာဖီတီတစ်ကောင်တည်း သဲကန္တာရထဲကို ဖြတ်ပြီး အဲဒီ ပန်းပြာလေးကို ရှာဖို့ ထွက်လာခဲ့ပါတော့တယ်။ ဘရစ်စတယ်ကလည်း သူလုပ်မိတဲ့ အမှားအတွက် အပြစ်ရှိသလို ခံစားရတဲ့အပြင် စွန့်စားခန်းတွေဆိုတာ သူငယ်ချင်းတွေနဲ့ အတူတူသွားမှ ပိုကောင်းတာလို့ သက်သေပြချင်တာနဲ့ တာဖီတီနောက်ကို ဇွတ်လိုက်လာခဲ့တယ်။ တာဖီတီကတော့ အဘိုးကို ပေးထားတဲ့ ကတိကြောင့် ဘရစ်စတယ်ကို အတင်းနှင်လွှတ်ပေမဲ့ မရခဲ့ပါဘူး။ သဲကန္တာရထဲမှာ အန္တရာယ်ပေါင်းစုံနဲ့ ရင်ဆိုင်ရတဲ့အခါ သူတို့နှစ်ကောင် အပြန်အလှန် ကယ်တင်ကြရင်းနဲ့ ခိုင်မာတဲ့ သူငယ်ချင်း သံယောဇဉ်တွေ ရလာကြပါတယ်။ နောက်ဆုံးမှာတော့ ပန်းပြာလေးကို ရှာတွေ့သွားပြီး အဘိုးကို ကယ်တင်နိုင်မလား၊ အဘိုးဖြစ်သူကရော တောဝက်လေး ဘရစ်စတယ်ကို သူတို့ မိသားစုဝင်အဖြစ် လက်ခံပေးမလား...... တာဖီတီတစ်ယောက် အဘိုးကို ပေးထားတဲ့ ကတိနဲ့ သူ့သူငယ်ချင်း ဘရစ်စတယ် ကြားမှာ ဘယ်လို ဆုံးဖြတ်မလဲ ဆိုတာတွေကို ဆက်ကြည့်ရမယ့် ကားလေးပါ။ Timon နဲ့ Pumbaa တို့ကို သတိရစေမယ့် ဒီလို ချစ်စရာ တိရစ္ဆာန်လေးတွေရဲ့ သဲကန္တာရထဲက စွန့်စားခန်းတွေကို ပေါ့ပေါ့ပါးပါး ကြည့်ချင်တယ်ဆိုရင်တော့ သဘောကျမှာ အသေအချာပါပဲ။ File Size… (1.47GB) / (707MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 21m Genre ….Adventure , Animation , Family Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း