ဇာတ်ကားများ ရွေးရန်

My Girl and I

2005ဇာတ်ကားအမှတ် 7.4/1095 မိနစ်

My Girl and I (2005) ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးတို့အတွက် ဂျပန်ရုပ်ရှင် "Crying Out Love, in the Center of the World" ကို ကိုရီးယား remake ပြန်ရိုက်ထားတဲ့ လှပတဲ့ အချစ်ဦးဇာတ်လမ်းလေး တစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ Cast တွေအနေနဲ့ကတော့ ပရိသတ်အားလုံး ရင်းနှီးပြီးသား သရုပ်ဆောင်များ ဖြစ်ကြတဲ့ Cha Tae-Hyun ၊ Song Hye-Kyo တို့အဓိကပါဝင်ထားပြီး Lee Soon-Jae ၊ Kim Hae-Sook စတဲ့ ဝါရင့်သရုပ်ဆောင်ကြီးများပါ အားဖြည့်ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း ~ ဆယ်ကျော်သက်အရွယ် အထက်တန်း ကျောင်းသားလေး တစ်ယောက်ဖြစ်တဲ့ ဆူဟို (Cha Tae-Hyun) ဟာ ရုပ်ရည်ရော စာလုပ်တာရောမှာ သာမန်ဖြစ်ပေမဲ့ စိတ်ထားကောင်းပြီး ကြင်နာတတ်တဲ့ ကောင်လေးတစ်ယောက်ပါ ။ တစ်နေ့မှာတော့ တစ်ကျောင်းလုံးမှာ အလှဆုံးဖြစ်တဲ့ ဆူအွန်း (Song Hye-Kyo) ဆိုတဲ့ ကောင်မလေးက ဆူဟိုကို အလယ်တန်းကတည်းက သိလာပြီး သဘောကျနေတာကြောင့်ပဲ နှစ်ယောက်သား တွဲဖြစ်သွားပါတော့တယ်။ ဒီလိုမျိုး တခြားကျောင်းသားတွေရဲ့ မနာလိုဝန်တိုမှုတွေ ဝန်းရံနေတဲ့ ကျောင်းမှာအလှဆုံး မိန်းကလေးနဲ့ သာမန်ကျောင်းသားလေးရဲ့ ဖြူစင်ရိုးသားပြီး လှပတဲ့ အချစ်ဦးဇာတ်လမ်းလေးမှာ မထင်မှတ်ထားတဲ့ အဖျက်အမှောင့် လေမုန်တိုင်းတစ်ခု တိုက်ခတ်လာတဲ့အခါမှာတော့..... အချစ်ဇာတ်လမ်းရဲ့ အဆုံးသတ်လေးက လှပနိုင်ပါ့မလားဆိုတာကို မိုးအေးအေးလေးမှာ ဆွေးရင်းငေးရင်း ကြည့်ရှုစေဖို့ တင်ဆက်ပေးလိုက်ရပါတယ်။ File size…1.77GB / 870MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 35 min. Genre ….. Comedy, Youth, Romance, Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း