ဇာတ်ကားများ ရွေးရန်

Last Train to Fortune

2025ဇာတ်ကားအမှတ် 5.9/10

Last Train to Fortune (2025) ++++++++++++++ "Last Train to Fortune" (2025) ဆိုတာကတော့ ဂန္ထဝင်မင်းသားကြီး Malcolm McDowell သရုပ်ဆောင်ထားတဲ့ Western Drama (အနောက်တိုင်း နွားကျောင်းသားခေတ်) ကားလေးပါ။ ဒီကားက တကယ်တော့ ၁၉၈၀ ကျော်ကတည်းက ရိုက်ဖို့ပြင်ဆင်ခဲ့ပေမယ့် အခက်အခဲအမျိုးမျိုးကြောင့် ၂၀၂၅ ကျမှ ထွက်လာနိုင်ခဲ့တဲ့ ဇာတ်လမ်းကောင်းလေးပေါ့။ ဒီကားက လုံးဝဆန့်ကျင်ဘက်လူနှစ်ယောက်ရဲ့ ခရီးစဉ်အကြောင်းကို ရိုက်ပြထားတာပါ။ တစ်ယောက်က စာအုပ်ကြီးနဲ့ လူယဉ်ကျေး၊ နောက်တစ်ယောက်ကတော့ သေနတ်ကိုင်ပြီး လူဆိုးဂိုဏ်းထဲကပေါ့။ ဇာတ်လမ်းက Cecil Peachtree (စီဆယ်လ်) ဆိုတဲ့ ဗြိတိသျှ ကျောင်းဆရာတစ်ယောက်အကြောင်းနဲ့ စထားပါတယ်။ သူက Fortune ဆိုတဲ့ မြို့လေးမှာ ကျောင်းအုပ်ကြီးလုပ်ဖို့ သွားရမှာပါ။ ဒါပေမဲ့ ကံဆိုးချင်တော့ သူက Fortune မြို့ကိုသွားမယ့် "နောက်ဆုံး ရထား" ကို လွတ်သွားပါလိမ့်ရော။ အဲဒီမှာတင် သူက Dooley (ဒူလီ) ဆိုတဲ့ နာမည်ကြီး လူဆိုးတစ်ယောက်နဲ့ သွားတိုးပါတယ်။ စီဆယ်လ်က Fortune မြို့ကို အရောက် သွားချင်နေတာဆိုတော့ ဒူလီကို အပေးအယူတစ်ခု လုပ်လိုက်တယ်။ "ငါ့ကို Fortune မြို့အရောက် ပို့ပေးရင်၊ ငါအလုပ်ဝင်တဲ့အခါရမယ့် ကျောင်းဆရာ လစာအကုန်လုံးကို မင်းကို ပေးမယ်" ဆိုပြီးတော့ပေါ့။ ဒီလိုနဲ့ ကျောင်းဆရာနဲ့ လူဆိုး... မြင်းကိုယ်စီနဲ့ တောတောင်တွေ၊ သေနတ်ပစ်ခတ်မှုတွေ၊ ထောင်ဖောက်တာတွေကြားထဲမှာ ခရီးတူတူ ထွက်ခဲ့ကြပါတယ်။ လမ်းခရီးမှာ သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် လုံးဝမတူတဲ့ ဘဝအမြင်တွေကို ဖလှယ်ရင်းနဲ့ မထင်မှတ်ထားတဲ့ သံယောဇဉ်တွေနဲ့အတူ သူငယ်ချင်းတွေ ဖြစ်လာကြတာကို ကြည့်ရမှာပါ။ စာအုပ်တွေထဲမှာပဲ အသက်ရှင်ခဲ့တဲ့ ပညာတတ်ကြီးနဲ့၊ လက်တွေ့လောကထဲမှာ ကြမ်းကြမ်းတမ်းတမ်း ဖြတ်သန်းခဲ့တဲ့ လူဆိုး... သူတို့နှစ်ယောက်ရဲ့ ပေါင်းစပ်မှုက တကယ်စိတ်ဝင်စားဖို့ကောင်းပါတယ်။ မင်းသားကြီး Malcolm McDowell ရဲ့ သရုပ်ဆောင်ချက်တွေက အသက်ဝင်သလို၊ James Paxton ကလည်း သူ့အဖေ (Bill Paxton) ရဲ့ နေရာမှာ အကောင်းဆုံး သရုပ်ဆောင်ထားပါတယ်။ အက်ရှင်တွေ၊ သေနတ်ပစ်တာတွေ ပါပေမယ့် တကယ်တော့ ဒါဟာ လူသားဆန်မှုနဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို ရိုက်ပြထားတဲ့ ကားလေးပါ။ ဒါဟာ "ရထားလွတ်သွားတာကနေ စတင်ခဲ့တဲ့ ဘဝရဲ့ အကောင်းဆုံး ခရီးစဉ်တစ်ခု" အကြောင်းလို့ ပြောလို့ရပါတယ်။ ကိုယ်နဲ့ လုံးဝမတူတဲ့သူတစ်ယောက်ဆီကနေ ဘဝသင်ခန်းစာတွေ သင်ယူရတာမျိုးပါပဲ။ File Size… (1.30GB) / (751MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 34m Genre ….Drama , Western Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း