ဇာတ်ကားများ ရွေးရန်

Mermaid Mystique 2: Torrential Agony

2026ဇာတ်ကားအမှတ် 5.1/10

ဒီတစ်ခါမှာတော့ Fantasy romance ကြိုက်သူတွေအတွက် လှပတဲ့ ပုံပြင်တစ်ပုဒ်လို fantasy ဆန်တဲ့ပုံပြင်အလှထက် ပိုပြီးအဓိပ္ပာယ်ရှိတဲ့ Mermaid Mystique 2: Torrential Agony ဆိုတဲ့ ရေသူမလေးနဲ့လူသားလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးပါမယ်ပင်လယ်ရေတွေ ညစ်ညမ်းလာမှုကြောင့် မျိုးနွယ်စု ပျောက်ကွယ်မဲ့အန္တရာယ်ကို ရင်ဆိုင်နေရတဲ့ ရှောင်မိန်ဆိုတဲ့ ရေသူမလေးတစ်ဦးဟာ လူသားကမ္ဘာကို ဝင်ရောက်လာခဲ့ပါတယ်သူမရဲ့အမေပြောခဲ့တဲ့ရှေးဘိုးဘေးတွေရဲ့ ဒဏ္ဍာရီအရ ကုန်းမြေပေါ်မှာ လူသားအဖြစ် ပြောင်းလဲနိုင်တဲ့ နည်းလမ်းတစ်ခု ရှိနိုင်တယ်လို့ ယုံကြည်ပြီး သူမဟာ မိမိမျိုးနွယ်စုအတွက် အဖြေရှာဖို့ လူသားလောကမှာ နေထိုင်ပြီး ရှာဖွေကြိုးစားပါတော့တယ် အချိန်တွေ ဖြတ်သန်းလာတာနဲ့အမျှ မြို့ပြလောကက ပြောင်းလဲသွားပေမဲ့လည်း သူမကတော့ အိုမင်းနေတဲ့ အသွင်အပြင်နဲ့ပဲ ဆက်လက်ရှင်သန်နေခဲ့ပါတယ်ကုန်းမြေပေါ်မှာ လူသားဘဝအကြောင်း အများကြီး သင်ယူခဲ့ပေမဲ့ “ပျော်ရွှင်မှု” ဆိုတာ တကယ်တမ်း ဘာလဲဆိုတာကိုတော့ သေချာမသိသေးပါဘူးတစ်နေ့မှာ ရှောင်မိန်ဟာ အသက်ကြီးပြီး အတိတ်ကိုပဲ အမြဲပြောနေတဲ့ အဘွားအိုတစ်ဦးနဲ့တွေ့ဆုံရာကနေ လူသားလောကရဲ့အမှန်တရား အတိတ်ရဲ့ လှပမှု အခိုက်အတန့်ပျော်ရွှင်မှုတွေနဲ့ ယနေ့ကမ္ဘာရဲ့ပြောင်းလဲမှုတွေကို နားလည်လာစေတဲ့အခါ… ဒီလိုနဲ့ ရှောင်မိန်က လူသားဘဝကို နားလည်ဖို့ ကြိုးစားနေချိန်မှာ အတွင်းစိတ်ပိတ်ထားတဲ့ မိဘမဲ့ကောင်လေး အားဖေးဆိုတဲ့လူသားကောင်လေးနဲ့တွေ့ဆုံခဲ့တဲ့အခါမှာတော့… ဒီရုပ်ရှင်လေးဟာ ရေသူမလေးတစ်ဦးရဲ့ခရီးစဉ်ကို မူတည်ပြီး လူသားနဲ့ရေသူမလေးတို့ကြားက အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ် Filesize : 965 MB / 530 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Romance , Fantasy Runtime : 1h 07 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း