ဇာတ်ကားများ ရွေးရန်

The Legend of Hei 2

2025ဇာတ်ကားအမှတ် 6.0/10119 မိနစ်

ယနေ့ခေတ်တရုတ် animation လောကက တဖြည်းဖြည်း နိုင်ငံတကာရုပ်ရှင်လောကထဲဝင်လာတဲ့အထိ အားကောင်းလာပြီဆိုတာကို သက်သေပြခဲ့တယ်လို့ ပြောစမှတ်တွင်နေတဲ့ The Legend of Hei 2 ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ပထမကားကိုလဲ တင်ဆက်ပီးဖြစ်ပါတယ် ပထမကားကို မကြည့်ဖူးသူများအတွက်တောင် ဒီဒုတိယတွဲက အမြင်ပိုင်းအရလှပသလို စိတ်ခံစားမှုနဲ့ အက်ရှင်တွေကိုလည်း အပြည့်အဝပေးနိုင်တဲ့ အရည်အသွေးမြင့် ဇာတ်ကားကောင်းလေးပါ... ဇာတ်လမ်းကတော့ ဝိညာဉ်ကလေး ရှောင်ဟေးနဲ့ သူယုံကြည်အားထားရတဲ့ ဆရာဝူရှန်းတို့ကို အဓိကထားဖော်ပြထားပါတယ်... တစ်နေ့မှာ လူသားနဲ့ ဝိညာဉ်များပါဝင်တဲ့ သတ်ဖြတ်မှုကြီးတစ်ခုဖြစ်ပွားပြီး ဝူရှန်းကို အဓိကသံသယရှိသူအဖြစ် သတ်မှတ်လိုက်ကြပါတယ်... သူ့ဆရာအပြစ်မရှိကြောင်း သက်သေပြဖို့ ရှောင်ဟေးက လုရယ်နဲ့ပူးပေါင်းပြီး အမှန်တရားကို ရှာဖွေသွားရင်း လူသားနဲ့ ဝိညာဉ်ကြားရှိ ပဋိပက္ခတွေကို ရင်ဆိုင်ရပါတယ်...သူတို့ စုံစမ်းသွားရင်းနဲ့ ဒီသတ်ဖြတ်မှုဟာ လူသားနဲ့ ဝိညာဉ်ကြား စစ်ပွဲတစ်ခု ဖန်တီးဖို့ ရည်ရွယ်ထားတဲ့ အကြီးစားပူးပေါင်းကြံစည်မှုတစ်ခုဖြစ်ကြောင်း သိလာကြပါတယ်... တချို့အင်အားကြီးသူတွေက လူသားနဲ့ ဝိညာဉ်တွေ အတူယှဉ်တွဲမနေနိုင်ဘူးလို့ ယုံကြည်ပြီး နှစ်ဖက်ကြား အမုန်းတရားကို အသုံးချဖို့ ကြိုးစားနေကြတာပါ.... ဇာတ်လမ်းတစ်လျှောက် ရှောင်ဟေးဟာ ကိုယ့်ရဲ့ ယုံကြည်မှု တာဝန်ယူမှုနဲ့ “ဘယ်ဖက်ကို ရွေးချယ်သင့်သလဲ” ဆိုတဲ့ မေးခွန်းတွေနဲ့ ရင်ဆိုင်ရပါတယ်.... သူက ဝိညာဉ်ဖြစ်ပေမယ့် လူသားတွေနဲ့ နေထိုင်ခဲ့တဲ့အတွေ့အကြုံကြောင့် နှစ်ဖက်စလုံးကို နားလည်တတ်လာပါတယ်....လုရယ်နဲ့ ရှောင်ဟေးကြားမှာလည်း အချင်းချင်းယုံကြည်မှု တဖြည်းဖြည်းတည်ဆောက်လာပြီး ခင်မင်မှုသံယောဇဉ်က ပိုမိုအားကောင်းလာပါတယ်... လုရယ်က ရှောင်ဟေးကို တိုက်ခိုက်နည်း ဆုံးဖြတ်ချက်ချနည်းနဲ့ ကိုယ့်နှလုံးသားကို ယုံကြည်ဖို့ သင်ပေးသလို ရှောင်ဟေးကလည်း လုရယ်ကို ဝိညာဉ်တွေအပေါ် အမြင်ပြောင်းလဲစေပါတယ်.... ကဲ ရှောင်ဟေး သူ့ဆရာဝူရှန်းကို ပြန်တွေ့ပြီး အပြစ်မရှိကြောင်း သက်သေပြလာနိုင်မှာလား...လူသားနဲ့ ဝိညာဉ်ကြားစစ်ပွဲရဲ့ လျို့ဝှက်ချက်ကဘာလဲ... နောက်ကွယ်ကြိုးကိုင်သူက ဘယ်သူလဲဆိုတာတော့ ဇာတ်ကားလေးကြည့်လိုက်တော့နော်.... Filesize : 997 MB / 600 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Animation, Fantasy, Action, and Adventure Runtime : 1h 59 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း