ဇာတ်ကားများ ရွေးရန်

The Witness

2019ဇာတ်ကားအမှတ် 7.0/10128 မိနစ်

The Witness (2019) IMDb Rating (7.0) "မျက်မြင်မတွေ့ရတိုင်း... အမှန်တရားက ပျောက်ကွယ်သွားတာ မဟုတ်ဘူး" Crime Thriller အကြမ်းစားတွေ၊ Serial Killer ဇာတ်လမ်းတွေ ကြိုက်တဲ့ ဘော်ဒါတွေအတွက် ဂျပန် သည်းထိတ်ရင်ဖို ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ၂၀၁၁ တုန်းက ထွက်ခဲ့တဲ့ နာမည်ကြီး ကိုရီးယားဇာတ်ကား "Blind" ကို ဂျပန်မှုပြု ပြန်လည်ရိုက်ကူးထားတဲ့ ကားလေးဖြစ်ပြီး ဂျပန်မင်းသမီးချောလေး Riho Yoshioka နဲ့ မင်းသားချော Mahiro Takasugi တိုက အဓိက ပါဝင်အားဖြည့်ထားကြပါတယ်။ ဇာတ်လမ်းအစမှာတော့ နာဆွတ်မဲဆိုတဲ့ မိန်းကလေးဟာ ရဲတပ်ဖွဲဝင်တစ်ယောက်ဖြစ်လာဖို ကြိုးစားနေတဲ့ လူငယ်ကောင်မလေးတစ်ယောက်ပါ။ ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ သူ ကြုံတွေ့ခဲ့ရတဲ့ ကားအက်ဆီးဒင့်တစ်ခုကြောင့် သူ့ရဲ့မောင်လေးဖြစ်သူ သေဆုံးသွားခဲ့ရသလို၊ သူကိုယ်တိုင်လည်း မျက်စိအလင်းကို ဆုံးရှုံးသွားခဲ့ရပါတယ်။ ဒီလိုနဲ့ ၃ နှစ်လောက်ကြာတဲ့အခါ... မျက်မမြင်တစ်ယောက်အနေနဲ့ ဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းနေရတဲ့ နာဆွတ်မဲတစ်ယောက် မထင်မှတ်ဘဲ နောက်ထပ် ကားတိုက်မှုတစ်ခုနဲ့ ထပ်ကြုံလိုက်ရပါတယ်။ အဲဒီအချိန်မှာ ကားထဲကနေ အကူအညီတောင်းနေတဲ့ မိန်းကလေးငယ်တစ်ယောက်ရဲ့ အသံသဲ့သဲ့လေးကို သူ ကြားလိုက်ရတဲ့အခါ… ဒါဟာ ရိုးရိုး ကားတိုက်မှုမဟုတ်ဘဲ ပြန်ပေးမှု တစ်ခုခုဖြစ်မယ်လို သူ ရိပ်မိသွားပါတယ်။ ဒါပေမဲ့ ပြဿနာက အဲဒီမှာ စတာပါပဲ... ရဲတွေက သူဟာ မျက်မမြင်တစ်ယောက် ဖြစ်နေတာကြောင့် သူ့ရဲ့ ပြောစကားကို အလေးမထားဘဲ ပစ်ပယ်လိုက်ကြပါတယ်။ "ကိုယ့်မျက်စိရှေ့မှာတင် လူတစ်ယောက် ဒုက္ခရောက်နေတာကို သိရက်နဲ့ လျစ်လျူမရှုနိုင်တဲ့အခါ..." ရဲတွေက မကူညီတဲ့အဆုံးမှာတော့ နာဆွတ်မဲ တစ်ယောက် အဲဒီညက အခင်းဖြစ်ပွားရာနေရာမှာ ရှိနေခဲ့တဲ့ နောက်ထပ် မျက်မြင်သက်သေ လူငယ်လေး ဟာရုမာကို ကိုယ်တိုင် လိုက်ရှာပြီးတော့ လူသတ်သမားကို ဖော်ထုတ်ဖို ကြိုးစားပါတော့တယ်။ မျက်စိမမြင်ရတဲ့ အမျိုးသမီးလေးတစ်ယောက်က ဉာဏ်ရည်ထက်မြက်ပြီး ရက်စက်တဲ့ လူသတ်သမားကို ဘယ်လို ခြေရာခံမလဲ... သူတိုနှစ်ယောက် အသက်အန္တရာယ်တွေကြားကနေ ပြန်ပေးဆွဲခံထားရတဲ့ ကောင်မလေးကို ဘယ်လို ကယ်တင်မလဲဆိုတာကို ရင်တမမနဲ့ ရှုစားရမယ့် Cat-and-Mouse ဂိမ်းဆန်ဆန် ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ Suspense အပြည့်နဲ့ ဇာတ်လမ်းအချိုးအကွေ့တွေကို အကောင်းဆုံး တင်ဆက်ထားတာမို စုံထောက်ကား၊ သည်းထိတ်ရင်ဖိုကား ကြိုက်သူတွေ လက်မလွတ်တမ်း ရှုစားလိုက်ရအောင်ပါ။ File Size : 1.71GB/ 1.00GB Quality : AMZN WEB-DL 1080p 5.1CH/ 720p Format : mp4 Duration : 2hr 08m Genre : Crime, Thriller Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း