ဇာတ်ကားများ ရွေးရန်

Love Doesn't Matter to Me

2025ဇာတ်ကားအမှတ် 7.1/10

Love Doesn't Matter to Me (2025) "ဟေး၊ မိယာတာ... နင် အသက်ရှင်ရတာ ပျော်ရဲ့လား" လက်ရှိပစ္စုပ္ပန်မှာ ရှင်သန်နေကြတဲ့ မိန်းကလေးငယ်တွေရဲ့ လူငယ်ဘဝ လွတ်မြောက်ရာ ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ သာမန်ဆိုတဲ့ ဘဝနဲ့ ဝေးကွာနေတဲ့ ကောလိပ်ကျောင်းသူ မိယာတာ ဟီရိုဟာ ကျောင်းတက်ရသလို တစ်ဖက်မှာလည်း အိပ်ချိန်မရှိဘဲ မနက်ကနေ ညအထိ အချိန်ပိုင်းအလုပ်တွေနဲ့ အိမ်မှုကိစ္စတွေမှာ အလုပ်ရှုပ်နေရသူပါ။ ဒါတွေအားလုံးက သူ့ရဲ့မိခင်ကို ပိုက်ဆံပေးဖို့နဲ့ ပြုစုစောင့်ရှောက်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့မိခင်ဟာ ကြမ်းတမ်းရက်စက်တတ်တဲ့ နှိပ်စက်ညှဉ်းပန်းတတ်တဲ့သူမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ "မေမေ သမီးကို ချစ်တယ်" ဆိုတဲ့ စကားလုံးလေးတစ်ခွန်းတည်းနဲ့ပဲ ဟီရိုကို ချည်နှောင်ထားခဲ့တာပါ။ ဒါကြောင့် ဟီရိုဟာ ဘဝအပေါ် ဘာမျှော်လင့်ချက်မှမရှိဘဲ နူးညံ့တဲ့ စိတ်ပျက်အားလျော့မှုထဲမှာ ရှင်သန်နေရရှာပါတယ်။ တစ်နေ့မှာတော့ ဟီရိုဟာ သူနဲ့ တစ်နေရာတည်းမှာ အချိန်ပိုင်းအလုပ်တူတူလုပ်တဲ့ အတန်းဖော် အဲနာဂါ မိယာဘိနဲ့ ဆုံတွေ့ခဲ့ပြီးနောက် သူ့ရဲ့ဘဝဟာ သိသိသာသာကြီး ပြောင်းလဲသွားပါတော့တယ်။ တစ်ချိန်တည်းမှာ သူ့အမေ သူ့ကိုဖုံးကွယ်ထားခဲ့တဲ့ ကိစ္စတစ်ခုကိုလည်း မမျှော်လင့်ဘဲ သိရှိသွားပြီး အိမ်ကနေ ထွက်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာတော့ .. File size…1.75GB / 851MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 49 min. Genre ….. Japanese, Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း