Samurai Detective Onihei: Two Righteous Swords
Samurai Detective Onihei: Two Righteous Swords (2025) သမိုင်းနောက်ခံ ဆာမူရိုင်းစုံထောက်ကားတွေ ကြိုက်နှစ်သက်တဲ့ Samurai Detective Onihei ပရိသတ်ကြီးအတွက် အသစ်ထွက်လာတဲ့ ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားတွေကတော့ ဂျပန်စာရေးဆရာ Shotaro Ikenami ရဲ့နာမည်ကြီး ရာဇဝင်ဝတ္ထု Onihei Hankacho ကို အခြေခံရိုက်ကူးထားတဲ့ စုံထောက် အက်ရှင်ဇာတ်ကားလေးတွေ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ၁၆ နှစ်တာ ကာလအတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဖခင်ဖြစ်သူရဲ့ ဂူဗိမာန်ရှိရာ ကျိုတိုမြို့ဆီကို ဆာမူရိုင်းစုံထောက် Hasegawa Heizo နဲ့ သူ့လက်ထောက် Kimura တို့ ခရီးထွက်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီခရီးစဉ်ဟာ ရိုးရိုးရှင်းရှင်း ပူဇော်ကန်တော့ရုံ ခရီးစဉ်တစ်ခု ဖြစ်မလာခဲ့ပါဘူး။ လမ်းခရီးမှာ Oyone ဆိုတဲ့ မိန်းကလေးတစ်ယောက်ကို လူမိုက်တွေလက်ထဲကနေ မမျှော်လင့်ဘဲ ကယ်တင်ခဲ့ရပြီးနောက်... သူတို့အဖွဲ့ဟာ ကြီးမားတဲ့ ရာဇဝတ်မှုကွင်းဆက်ကြီးတစ်ခုထဲကို ခြေစုံပစ်ဝင်မိသွားပါတော့တယ်။ Heizo က Oyone ကို စိတ်ချရတဲ့မိတ်ဆွေဆီ အပ်နှံဖို့ ကြိုးစားပေမယ့် သူမကတော့ Heizo နဲ့အတူ ခရီးဆက်ဖို့ပဲ အသည်းအသန် တောင်းဆိုခဲ့ပါတယ်။ သူတို့အားလုံး မသိထားတာကတော့ Oyone ရဲ့ အလုပ်ရှင်ဟောင်းဖြစ်တဲ့ အိုဆာကာက "Izumoya" တည်းခိုခန်းပိုင်ရှင်ဟာ အမှောင်လောကမှာ နှစ်ဖက်ချွန်ဘဝနဲ့ အသက်မွေးနေသူ ဖြစ်နေတာပါ။ သူတို့အဖွဲ့ နာရာမြို့ကို ဦးတည်ထွက်ခွာလာချိန်မှာတော့ နာမည်ကျော် ခိုးဆိုးလုယက်သူကြီး Kozu no Gentan နဲ့ သူ့ရဲ့လူမိုက်ဂိုဏ်းကပါ Heizo ကို လုပ်ကြံဖို့ နောက်ကနေ တိတ်တဆိတ် ထပ်ကြပ်မကွာ လိုက်လာခဲ့တဲ့အခါမှာတော့... File size…1.63GB / 915MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 2 min. Genre ….. Action, Historical, Drama Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း