ဇာတ်ကားများ ရွေးရန်

Rocketry: The Nambi Effect

2022ဇာတ်ကားအမှတ် 7.8/10154 မိနစ်

Rocketry: The Nambi Effect က အိန္ဒိယသိပ္ပံပညာရှင်၊ လေကြောင်းနဲ့ အာကာသယာဉ်တည်ဆောက်မှု အင်ဂျင်နီယာ Nambi Narayanan ရဲ့ ဘဝအကြောင်းကို အခြေခံထားတဲ့ အတ္ထုပ္ပတ္တိဒရာမာပါ။ ပရင်စတန်တက္ကသိုလ်က ဘွဲ့ရကျောင်းသားဘဝနဲ့ သိပ္ပံပညာရှင် မဖြစ်လာခင်က အကြောင်းတွေကနေ သူလျှိုမှုနဲ့ လုပ်ကြံစွဲချက်တင်ခံရတဲ့အထိ သူ့ဘဝအဖြစ်အပျက်တွေကို ပြထားပါတယ်။ ဒီစွပ်စွဲချက်တွေနဲ့ လောကဓံကို သူဘယ်လိုရင်ဆိုင်ဖြတ်သန်းခဲ့သလဲဆိုတာလည်း ပါဝင်တယ်။ Nambi Narayanan အဖြစ် 3 Idiots ထဲက R. Madhavan က အဓိကသရုပ်ဆောင်ထားပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာတာဝန်တွေကိုပါ ယူထားပါတယ်။ Shah Rukh Khan နဲ့ Suriya တို့လည်း ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားတယ်။

ဇာတ်လမ်းအကြောင်း