ဇာတ်ကားများ ရွေးရန်

Putulnacher Itikatha Aka The Puppet’s Tale

2025ဇာတ်ကား136 မိနစ်

Putulnacher Itikatha (2025) ရုပ်သေးရုပ်တို့ရဲ့ ပုံပြင် IMDb (7.2/10) ၂၀၂၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဘင်္ဂါလီရုပ်ရှင် Putulnacher Itikatha ဇာတ်ကားဟာ စာရေးဆရာကြီး Manik Bandopadhyay ရဲ့ ၁၉၃၆ ခုနှစ်ထွက် နာမည်ကြီး ဂန္ထဝင်ဝတ္ထုကို ဒါရိုက်တာ Suman Mukhopadhyay က ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ ဒီကားဟာ အဆင့်မြင့်တဲ့ အနုပညာလက်ရာတစ်ခုဖြစ်ပြီး နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာပါ လူကြိုက်များခဲ့ပါတယ်။ကာလကတ္တားမှာ ဆေးပညာသင်ယူခဲ့တဲ့ ဆရာဝန် ရှာရှီဟာ သူနေထိုင်ရာ အထီးကျန်ဆန်တဲ့ ကျေးရွာလေးထဲမှာ ပိတ်မိနေသလို ခံစားနေရသူပါ။ သူရဲ့ အချစ်ရေးအရှုပ်အထွေးတွေ၊ ကျရှုံးမှုတွေနဲ့အတူ ရွာကို သတို့သမီးအသစ်နဲ့ ပြန်လာတဲ့ သူငယ်ချင်းတစ်ယောက်ကြောင့် ရှာရှီရဲ့ စိတ်မအေးချမ်းမှုတွေက ပိုပြီး ပြင်းထန်လာခဲ့ပါတယ်။ယုံကြည်ကိုးကွယ်မှုနဲ့ သိပ္ပံပညာ (အယူသီးမှုနဲ့ အသိပညာ) ကြားထဲမှာ ဝေခွဲမရဖြစ်နေတဲ့ ရှာရှီတစ်ယောက် ဘဝရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရှာဖွေရင်း သူ့ရဲ့ အတွင်းစိတ်ထဲမှာပဲ တဝဲလည်လည် ဖြစ်နေတဲ့အခါမှာတော့.....။ File size… 1.6 GB / 800 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း