ဇာတ်ကားများ ရွေးရန်

Mission Majnu

2023ဇာတ်ကားအမှတ် 7.0/10129 မိနစ်

ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်က ဂျပန်ကို အဏုမြူဗုံးကြဲချခဲ့ပြီး စစ်ပြီးဆုံးသွားတဲ့နောက် နိုင်ငံတွေကြား နျူကလီးယားလက်နက် တီထွင်ဖို့ အပြိုင်ကြိုးစားလာကြတဲ့ နောက်ခံနဲ့ ဇာတ်လမ်းကို စထားပါတယ်။ ၁၉၇၄ ခုနှစ် မေလ ၁၈ ရက် မနက်ပိုင်းမှာ အိန္ဒိယက နျူကလီးယားဗုံးကို အောင်မြင်စွာ စမ်းသပ်ဖောက်ခွဲနိုင်ခဲ့တယ်။ အိမ်နီးချင်း ပါကစ္စတန်ကလည်း အလားတူဗုံးမျိုး တီထွင်နိုင်ဖို့ ကြိုးစားနေပါတယ်။ ပါကစ္စတန်ဟာ အိန္ဒိယရဲ့စမ်းသပ်မှုကို တရားမဝင်ဘူးဆိုပြီး နိုင်ငံတကာအဖွဲ့အစည်းတွေက ဝိုင်းဝန်းရှုတ်ချဖို့ တိုက်တွန်းနေတယ်။ တစ်ဖက်မှာလည်း ကမ္ဘာက မသိအောင် နျူကလီးယားအစိတ်အပိုင်းတွေကို မှောင်ခိုတင်သွင်းနေပါတယ်။ ဒါကို ရိပ်မိလာတဲ့ အိန္ဒိယဘက်က ပါကစ္စတန်ထဲ သူလျှိုတွေ လွှတ်ပြီး အဲဒီအစိတ်အပိုင်းတွေကို ဖျက်ဆီးဖို့ လုပ်ရတော့မယ်။ ဒီဘောလီဝုဒ်ဇာတ်ကားမှာ ဆဒ်ဒါသ် မလိုသရားနဲ့ ရက်ရှမီကား မန်ဒါနားတို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း