ဇာတ်ကားများ ရွေးရန်

The Physician II

2025ဇာတ်ကားအမှတ် 6.4/10142 မိနစ်4K

The Physician II (2025) IMDb Rating (6.1) Game of Throne ထဲက သရုပ်ဆောင်တွေ အများစုနဲ့ ရှေးခေတ် အင်္ဂလန်ပြည်အတွက် ခေတ်မှီဆေးပညာတွေကို မျိုးစေ့ချပေးခဲ့တဲ့ သမားတော် ရောဘတ်ကိုးလ်အကြောင်း ရိုက်ထားတဲ့သမိုင်းနောက်ခံ ဆေးပညာ စွန့်စားခန်းဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။ ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့အဆက်ဖြစ်ပြီး ပထမကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Philipp Stölzl ကိုယ်တိုင် ပြန်လည်ပုံဖော်ထားပြီး မင်းသားကြီး Tom Payne ကလည်း ဆရာဝန် Rob Cole အဖြစ် ပြန်လည်ပါဝင်လာပါတယ်။ ပါရှန်းပြည်မှ လန်ဒန်မြို့ဆီသို့... ဆရာဝန် ရော်ဘတ်ကိုးလ်၏ ဒုတိယမြောက် ဆေးပညာခရီးစဉ်" ဇာတ်လမ်းကတော့ ပါရှန်းပြည်က အစ္စဖာဟန် မြို့တော် ပျက်စီးသွားပြီးနောက်ပိုင်း ပညာအစုံနဲ့ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ ဆရာဝန် Rob Cole အကြောင်းပါ။ သူဟာ အရှေ့တိုင်းမှာ သင်ယူခဲ့ရတဲ့ အဖိုးတန် ဆေးပညာဗဟုသုတတွေကို ပြန့်ပွားစေဖို့နဲ့ လူသားတွေကို ကယ်တင်ဖို့အတွက် သူ့ရဲ့ ဇာတိမြေဖြစ်တဲ့ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော်ဆီကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမဲ့ ထိုခေတ်က လန်ဒန်မြို့ဟာ ဆေးပညာထက် ဘာသာရေးအယူသီးမှုတွေ၊ စိတ်ကျမ်းမာရေးချို့တဲ့နေတဲ့လူတွေကို ကားစင်တင်ပြီးမီးရှို့တာတွေနဲ့ လွှမ်းမိုးနေဆဲပါ။ အင်္ဂလန်ဘုရင်ကလည်း နေရောင်နဲ့ထိတွေ့လို့မရတဲ့ရောဂါတစ်မျိုးဖြစ်နေပြီး မိဘုရားဖြစ်သူက ယာယီအုပ်ချုပ်နေတဲ့အချိန်ပေါ့။ မိဘုရားဘေးက လူယုံနန်းတွင်းဆေးဆရာတွေနဲ့ ရော်ဘတ်ကြားမှာ ဆေးပညာအားပြိုင်ဆိုင်မှုတွေဖြစ်လာပြီး အင်္ဂလန်ဘုရင်ကြီးကို ရောဘတ်ဟာကုသခွင့်ရသွားပြီး နန်းတွင်းအရှုပ်တော်ပုံ တွေကြားထဲကိုပါ မထင်မှတ်ဘဲ ပါဝင်ပတ်သက်မိသွားပါတယ်။ သူဟာ လူနာတွေရဲ့ အသက်ကို ကယ်တင်နိုင်ဖို့နဲ့ အရှေ့တိုင်းဆေးပညာကို အသိအမှတ်ပြုလာစေဖို့အတွက် ဘုရင့်နန်းတော်က အယူသီးမှုတွေနဲ့ ရင်ဆိုင်ရုံတင်မကဘဲ လူတွေရဲ့ နာကျင်ခံစားရမှုတွေကို လျှော့ချပေးနိုင်ဖို့အတွက် လူတွေကို ကယ်တင်ရင်းနဲံနိုင်ငံကိုပါ ကယ်တင်ရမယ့် အခြေအနေကိုရောက်လာပါတော့တယ်။ File size… (5.2 GB) / (1.6 GB) / (1.1 GB) Quality…. WEB-DL 4K HEVC / Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Adventure,Drama,Mystery Duration…. 02:23:45 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း