ဇာတ်ကားများ ရွေးရန်

Mr. X

2026ဇာတ်ကား153 မိနစ်

Mr. X (2026) - လျှို့ဝှက်အေးဂျင့် X FIR ရုပ်ရှင်နဲ့ ပရိသတ်အားပေးမှုရခဲ့တဲ့ ဒါရိုက်တာ မာနူအာနန်က အခုတစ်ခါမှာတော့ တောင်ပိုင်းမင်းသား အာရ်ယာ၊ ဂေါ်သမ်ကာသစ်တို့နဲ့အတူ နိုင်ငံတကာအဆင့်မီ စပိုင်အက်ရှင်သည်းထိတ်ရင်ဖို ရုပ်ရှင်ကားကြီးတစ်ကားကို ထပ်ဖန်တီးလိုက်ပြန်ပါပြီ။. ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နိုင်တဲ့ အဖျက်စွမ်းအားပြင်း အဏုမြူလက်နက်တစ်ခုဟာ အကြမ်းဖက်သမားတွေလက်ထဲကို ရောက်သွားခဲ့ပါတယ်။ ဒီလက်နက်ကို ပြန်လည်ရယူဖို့အတွက် အိန္ဒိယထောက်လှမ်းရေးအဖွဲ့ (RAW) က အတော်ဆုံးအေးဂျင့်တွေကို စေလွှတ်ခဲ့ပေမဲ့ မစ်ရှင်အတွင်းမှာတင် အဖွဲ့ရဲ့ အဓိကကျတဲ့ အေးဂျင့် မစ္စတာ X ပျောက်ဆုံးသွားတဲ့အခါ အခြေအနေတွေက ပိုမိုရှုပ်ထွေးသွားခဲ့ပါတယ်။ Mr. X ကို ရှာဖွေဖို့နဲ့ ရန်သူ့အကြံအစည်ကို တားဆီးဖို့အတွက် နယ်ခံဒုစရိုက်မှုလေးတွေကိုပဲ ရှင်းဖူးသေးတဲ့ အငယ်တန်းအေးဂျင့် ဂေါ့သမ်ကို အာဇာဘိုင်ဂျန်အထိ ခရီးဆန့်ပြီး စုံစမ်းဖို့ RAW က ခိုင်းစေခဲ့ပါတယ်။ . အဲဒီ ကယ်ဆယ်ရေးခရီးစဉ်ထဲမှာ ရန်သူက ဘယ်သူ၊ မိတ်ဆွေက ဘယ်သူဆိုတာ ခွဲခြားရခက်လောက်အောင် သစ္စာဖောက်မှုတွေ၊ လျှို့ဝှက်ချက်တွေနဲ့ ရင်သပ်ရှုမောဖွယ် အလှည့်အပြောင်းတွေကို ဥရောပအငွေ့အသက်တွေကြားက ပြင်းထန်တဲ့ အက်ရှင်ခန်းတွေ၊ နိုင်ငံတကာ သူလျှိုလောကရဲ့ နောက်ကွယ်က ကစားကွက်တွေကို ဒီရုပ်ရှင်ထဲမှာ စိတ်လှုပ်ရှားဖွယ် မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်...။ File size…2.4GB / 1.2 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 26m Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း