ဇာတ်ကားများ ရွေးရန်

Chandrabindoo

2025ဇာတ်ကား126 မိနစ်

Chandrabindoo (2025) ဘ၀ခြားက သံယောဇဉ် IMDb (4.6/10) လူတစ်ယောက် ‌ေ_သဆုံးသွားပြီးတဲ့နောက်မှာ ဘာတွေဆက်ဖြစ်မလဲ။ တကယ်ပဲ အစအနမကျန် ပျောက်ကွယ်သွားတာလား ဒါမှမဟုတ် တစ်နေရာရာကနေ ခံစားချက်တွေနဲ့ စောင့်ကြည့်နေတာလား။ အာနပ် ဆိုတဲ့ လူငယ်လေးဟာ သူ့ရဲ့ ချစ်လှစွာသော မိဘနှစ်ပါးနဲ့အတူ လန်ဒန်မြို့လေးမှာ စာအုပ်ဆိုင်လေးတစ်ဆိုင်ဖွင့်ပြီး အေးအေးချမ်းချမ်း နေထိုင်သူပါ။ စာရေးဆရာတစ်ယောက်ဖြစ်ချင်တဲ့ သူ့ရဲ့အိမ်မက်တွေကို အကောင်အထည်ဖော်နေရင်း မမျှော်လင့်ဘဲ ကြုံတွေ့လိုက်ရတဲ့ ဆုံးရှုံးမှုတစ်ခုက သူ့ဘဝကို ပြောင်းလဲစေခဲ့ပါတယ်။တစ်ဖက်မှာလည်း ခင်ပွန်းဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ မီရာ ဆိုတဲ့ အမျိုးသမီးလေး။ သူတို့နှစ်ယောက်ဟာ မတူညီတဲ့ နာကျင်မှုတွေ ဆုံးရှုံးမှုတွေကြားကနေ သုသာန်တစ်ခုထဲမှာ ဆုံတွေ့ခဲ့ကြပါတယ်။ ထူးခြားတာက အဲဒီသုသာန်မှာ သူတို့ကို စောင့်ကြည့်နေတဲ့ ဝိညာဉ်တွေရှိနေပြီး 3 ‌ေ_သခြင်းတရားရဲ့ စည်းမျဉ်းတွေကြားမှာ သူတို့နှစ်ယောက်ရဲ့ သံယောဇဉ်က ဘယ်လိုဆက်ဖြစ်မလဲဆိုတာကို ရိုးရှင်းတဲ့ အချစ်ကားမျိုးမဟုတ်ပဲ Supernatural Drama ဆန်ဆန် ရိုက်ကူးထားလို့ ခံစားချက်အသစ်ကို ပေးစွမ်းနိုင်မယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size… 2.2 GB / 1.1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 6m Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း