Teki Cometh
Teki Cometh (2025) ၂၀၂၅ ခုနှစ်မှ ထွက်လာတယ်ဆိုပေမဲ့လည်း ရှေးခေတ်အဖြူအမည်းစတိုင်ရယ် အတွေးအခေါ်ပိုင်း ဒဿနဆိုင်ရာကို ချည်းကပ်ထားတဲ့ ဂျပန်ကားတစ်ကားဖြစ်ပါတယ်။ ဒါရိုက်တာကြီး David Lynch စတိုင်မျိုးတွေ နစ်သက်မယ်ဆို ခံစားနိုင်စေမယ့် အရသာမျိုး ဖြစ်ပါလိမ့်မယ်။ အဓိကဇာတ်ဆောင်အနေနဲ့တော့ ဝါရင့်သရုပ်ဆောင်မင်းသားကြီး Kyozo Nagatsuka ပါဝင်ပေးထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ အငြိမ်းစားယူထားတဲ့ ပြင်သစ်စာပေဆိုင်ရာ ပရော်ဖက်ဆာဟောင်းကြီးဖြစ်တဲ့ ဝါတာနာဘေးဟာ သူ့ရဲ့ ရှေးဟောင်းဂျပန်အိမ်လေးမှာပဲ အေးဆေးနေထိုင်ပြီး ဖြတ်သန်းလျက်ရှိပါတယ်။ ရေတွင်းတူးပေးမယ့် တပည့်ဟောင်း၊ သောက်ဖက်သောက်ဖက်ဟောင်း၊ အိမ်လာလာလည်လေ့ရှိတဲ့ တပည့်မဟောင်း၊ ဝါသနာလေးနဲ့ ဆောင်းပါးထည့်ပြီး နေတာတကြောင်း နောက်ပြီး ဘေးအိမ်က ခွေးချီးပါပါသွားလို့ စိတ်တိုတိုနေတတ်တဲ့ အိမ်နီးချင်းတို့ ဒါလေးတွေနဲ့ နေထိုင်နေခဲ့ပါတယ်။ သို့ပေမဲ့ တစ်ညကျတော့ ကွန်ပြူတာသုံးရာကနေ အမည်မသိတွေဆီက ရန်သူတွေလာနေပြီ မြောက်ဘက်ကနေလာနေပြီ သတိထားဆိုပြီး စာတွေခဏခဏ ရောက်လာချိန်မှာတော့ ပရော်ဖက်ဆာကြီးတစ်ယောက် ဒွိဟတွေဖြစ်လာ သံသယတွေ လွန်ကဲလာပြီး ဘာဆက်ဖြစ်မလဲ ကြည့်ရမှာပါ...။
ဇာတ်လမ်းအကြောင်း