ဇာတ်ကားများ ရွေးရန်

The Hidden Fox

2022ဇာတ်ကားအမှတ် 6.0/10103 မိနစ်

လွန်ခဲ့တဲ့ ဆယ်နှစ်က လီဇီချန်ဘုရင်ရဲ့ ရတနာတစ်ပါးကြောင့် မြောင်မျိုးနွယ်သူရဲကောင်း မြောင်ရန်ဖုန်းနဲ့ စောင့်ရှောက်သူဟူတို့ကြား မသင့်မမြတ် ဖြစ်ခဲ့ကြတယ်။ သူတို့နှစ်ဦး တိုက်ခိုက်ခဲ့ကြပြီးနောက် နှစ်ယောက်စလုံး ထူးထူးဆန်းဆန်း အသက်ဆုံးရှုံးသွားခဲ့ပါတယ်။ ရတနာနဲ့အတူ မြေပုံနဲ့ သော့ပါ ပျောက်ဆုံးသွားခဲ့တယ်။ ဆယ်နှစ်ကျော်ကြာအောင် လိုက်ရှာခဲ့ကြပြီးတဲ့နောက် ရတနာမြေပုံရဲ့ လမ်းစတစ်ခု ပေါ်လာပါတယ်။ အဲဒီသတင်းကြောင့် သူရဲကောင်းရှစ်ဦးဟာ မြေပုံရှိရာ ဖေးဟူတောင်ဆီ ခရီးထွက်လာကြတယ်။ ဒါပေမယ့် မြောင်နဲ့ ဟူတို့ ဘယ်လိုသေဆုံးခဲ့ကြသလဲ၊ သူတို့ချင်း မသင့်မြတ်မှုကြောင့်ပဲ အသက်ဆုံးရှုံးခဲ့တာ ဟုတ်ရဲ့လားဆိုတာ မေးစရာဖြစ်နေပါတယ်။ သူတို့ရဲ့ ဆက်ခံသူတွေကရော မြေပုံရဲ့လမ်းစကို မသိကြတာလား၊ ဆက်ခံသူတွေပါ ပျောက်ဆုံးနေကြတာလား။ ဖေးဟူတောင်ဆီ ဘာကြောင့် သူရဲကောင်းရှစ်ဦးပဲ သွားခဲ့ကြတာလဲဆိုတာလည်း ရှိနေပါသေးတယ်။ Jin Yong ရဲ့ Fox Volant of the Snowy Mountain၊ နှင်းတောင်သူရဲကောင်း ဇာတ်လမ်းကို ရုပ်ရှင်အဖြစ် ပြန်လည်ပုံဖော်ထားတာပါ။

ဇာတ်လမ်းအကြောင်း