ဇာတ်ကားများ ရွေးရန်

Mulan: Light A fire

2026ဇာတ်ကားအမှတ် 5.1/1098 မိနစ်

မုလန် (Mulan) ဆိုတဲ့နာမည်ကိုတော့ ရုပ်ရှင်ပရိသတ်တော်တော်များများ ကြားဖူးကြမှာပါ အမျိုးသားယောင်ဆောင်ပြီး စစ်ထဲဝင်ပြီးတော့ ရဲရင့်စွာတိုက်ခိုက်ခဲ့တဲ့ အမျိုးသမီးစစ်သူကြီးတစ်ယောက်အဖြစ် မုလန်ရဲ့ဇာတ်လမ်းဟာ နှစ်ပေါင်းများစွာ လူသိများခဲ့ပြီး animation, live-action နဲ့ historical drama ပုံစံမျိုးစုံနဲ့ ပြန်လည်ရိုက်ကူးခံခဲ့ရပါတယ် အရင်က မုလန်ကားတွေဟာ စစ်မြေပြင်စွန့်စားခန်းနဲ့ သူရဲကောင်းဆန်တဲ့ပုံစံကို အဓိကထားဖော်ပြခဲ့ကြပေမဲ့ ဒီတစ်ခေါက် ဗားရှင်းလေးကတော့ revenge theme ကိုပါ ထည့်သွင်းထားတာကြောင့် ပရိသတ်ကြီးအတွက် အရင်ကားတွေနဲ့ မတူတဲ့ ခံစားမှုကို ပေးနိုင်မှာပါ ဒီကားမှာတော့ စစ်မှုထမ်းဘဝပြီးဆုံးပြီး မွေးရပ်မြေကို ပြန်လာတဲ့ မုလန်ဟာ မိသားစုကို ဆုံးရှုံးလိုက်ရတဲ့အပြင် အကျင့်ပျက်အာဏာရှင်တွေနဲ့ ရင်ဆိုင်ရပါတော့တယ်…စစ်မြေပြင်မှာ ရန်သူကို ရင်ဆိုင်ခဲ့သလို ဒီတစ်ခါမှာတော့ မတရားမှုတွေနဲ့ လူ့လောကရဲ့ အမှောင်ဘက်ခြမ်းကို တိုက်ခိုက်ရတဲ့ မုလန်ရဲ့ခရီးစဉ်ကို အက်ရှင်အပြည့် အီမိုရှင်အပြည့်နဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ် >>ဇာတ်လမ်းအညွှန်း<< စစ်မှုထမ်းပြီး မွေးရပ်မြေကို ပြန်လာတဲ့ မုလန်ဟာ သူမရဲ့မိဘတွေ သတ်ဖြတ်ခံထားရပြီး မောင်လေး မုဟုန် ပျောက်ဆုံးနေတာကို တွေ့လိုက်ရပါတယ်…အမှုကို စုံစမ်းဖို့ သွားတိုင်ပေမဲ့ အာဏာပိုင်တွေက ဒုက္ခသည်တွေ လုပ်တာလို့ လှည့်ဖြားကြပြီး မုလန်ကတော့ ကိုယ်တိုင်အမှန်တရားကို လိုက်ရှာဖို့ ဆုံးဖြတ်လိုက်ပါတယ် အဲဒီလိုစုံစမ်းရင်းကနေ ငွေတုထုတ်လုပ်တဲ့ လျှို့ဝှက်အဖွဲ့ကြီးနဲ့ အကျင့်ပျက်အရာရှိတွေ ပါဝင်နေတဲ့ အမှောင်လောကတစ်ခုကို ဖော်ထုတ်မိသွားပြီး သူမရဲ့မောင်ကိုလည်း အဲဒီနေရာမှာ ဖမ်းဆီးခိုင်းစေခံနေရတာကို တွေ့ရပါတော့တယ်မုလန်က သက်သေတွေ ရယူပြီး အကူအညီတောင်းပေမဲ့ သူယုံကြည်ခဲ့တဲ့ မြို့ဝန် ကျီးရှစ်ရွှင်း ကိုယ်တိုင်က အားလုံးရဲ့ နောက်ကွယ်က ကြိုးကိုင်သူဖြစ်နေကြောင်း သိလိုက်ရတဲ့အခါ…အာဏာနဲ့ စစ်ရေးအောင်မြင်မှုအတွက် အပြစ်မဲ့ပြည်သူတွေကိုတောင် သတ်ဖြတ်ဖို့ မတွန့်ဆုတ်တဲ့ ကျီးရှစ်ရွှင်းကြောင့် မုလန်နဲ့မောင်လေးပါ ဖမ်းဆီးခံရပြီး ဝမ်းနည်းစရာတွေ ဆက်တိုက်ကြုံတွေ့ရလာပြီးတဲ့နောက်မှာမောင်လေး မုဟုန် သေဆုံးသွားတဲ့နောက်မှာတော့ မုလန်ဟာ ကိုယ့်မိသားစုအတွက်သာ လက်စားချေဖို့မဟုတ်တော့ဘဲ ဖိနှိပ်ခံပြည်သူတွေအတွက် တိုက်ပွဲဝင်ဖို့ဖြစ်လာခဲ့တဲ့အခါ… အဆုံးသတ်မှာ မုလန်တစ်ယောက် မတရားမှုတွေကို အဆုံးသတ်နိုင်ပါ့မလားဆိုတာ ရုပ်ရှင်လေးထဲ ကြည့်ရှုကြရအောင်နော် Filesize : 1.31 GB / 742 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Drama Runtime : 1h 29 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း