ဇာတ်ကားများ ရွေးရန်

Harmony

2010ဇာတ်ကားအမှတ် 7.6/10115 မိနစ်

Harmony (2010) IMDb 7.5/10 ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးတို့အတွက် 2010 ခုနှစ်က ထွက်ရှိခဲ့ပြီး 18th Chunsa Film Art Awardsမှာ best new actress နဲ့ best new director awardတို့ကို ဆွတ်ခူးရရှိခဲ့တဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်... ဒီကားလေးမှာတော့ ပရိသတ်ကြီးတို့နဲ့ မစိမ်းတဲ့ မင်းသမီးကြီး Na Moon-hee, Kim Yun jin, S lineထဲမှ Lee Da-hee, It's Okay to Not Be Okay ထဲမှ Jang Youngnam တို့အပြင် အခြားသော နာမည်ကြီးသရုပ်ဆောင်များစွာလည်းပါဝင်ပါတယ်... ဇာတ်လမ်းအကျဥ်းကတော့ .. ဟုန်းဂျောင်ဟယ် ( Kim Yun jin )က အိမ်တွင်းအကြမ်းဖက်သူ ခင်ပွန်းသည်ကို မတော်တဆသတ်မိပြီး ကိုယ်ဝန်ဆောင်မိခင်ဘဝနဲ့ပဲ ထောင်ကျသွားခဲ့ပါတယ်... အကျဥ်းထောင်ဥပဒေအရ ထောင်ထဲမှာမွေးဖွားခဲ့တဲ့ကလေးဟာ အသက် ၁၈ လအထိပဲ မိခင်နဲ့အတူထောင်ထဲမှာ နေခွင့်ရှိပါတယ်.... ၁၈ လ ပြည့်ရင် သားဖြစ်သူ မင်အူနဲ့ခွဲရမဲ့ ဂျောင်ဟယ်ဟာ မခွဲရခင်မှာ မင်အူနဲ့အတူတူ အပြင်ဘက်ကို တစ်ရက်လောက် ထွက်လည်ခွင့်ရဖို့အတွက် ထောင်ထဲမှာ သံစုံကျူးအဖွဲ့ကို တည်ထောင်ဖို့ တာဝန်ယူလိုက်ရပါတယ်... စိတ်ဒဏ်ရာမျိုးစုံ နောက်ကြောင်းအထွေအထွေရှိကြတဲ့ အကျဥ်းသားတွေအချင်းချင်း ဘယ်လိုမျိုးကူညီဖေးမရင်း အခက်အခဲတွေကြားကနေ သံစုံကျူးအဖွဲ့ကို တည်ထောင်သွားကြမှာလဲ... ဒီရုပ်ရှင်လေးထဲမှာတော့ နှလုံးသားကို နွေးထွေးသွားစေမဲ့ သီချင်းလေးတွေနဲ့အတူ ရယ်မောတစ်လှည့် မျက်ရည်ဝဲရမယ့်တစ်လှည့်နဲ့ ရသမျိုးစုံကို ပေးစွမ်းသွားမှာမို့လို့ ခံစားကြည့်ရှုလိုက်ရအောင်နော် ... File size…1.84GB / 811MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 55 min. Genre ….. Music, Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း