ဇာတ်ကားများ ရွေးရန်

The Counterfeit

2026ဇာတ်ကားအမှတ် 7.0/10

၂၀၂၆၊ မေလ ၈ရက်နေ့ကမှ လတ်လတ်ဆတ်ဆတ်ရုံတင်ထားတဲ့ Crime Action ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်ကြောင်းကို ၁၉၉၀ခုနှစ်နှောင်းပိုင်း Digital Money တွေမပေါ်သေးတဲ့အချိန်ကို အခြေခံထားတဲ့ ငွေတုလုပ်ငန်းတိုက်ဖျက်ရေးအက်ရှင်ကားဖြစ်ပြီးတော့ အတိုက်အခိုက်ပိုင်းမှာ ပီပြင်တဲ့အက်ရှင်ဝါရင့်မင်းသားတွေပါတာကြောင့် အတော်လေးကြည့်ကောင်းမယ့်ဇာတ်ကားပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ (၃)ထပ်ကွမ်းလက်ဝှေ့ချန်ပီယံတစ်ယောက်ဖြစ်ခဲ့တဲ့ ကျန့်မင်ဟာ လက်ရှိမှာတော့ ရောဂါသည်သမီးလေးဆေးကုဖို့အတွက် တက္ကစီမောင်းရင်း ခက်ခက်ခဲခဲငွေရှာနေရပါတယ် သူ့သမီးလေးကို ခွဲစိတ်ဖို့အရေးတကြီးငွေလိုလာတဲ့အချိန်မှာတော့ သူကမြေအောက်ငွေတုလုပ်ငန်းထဲကို ခြေစုံပစ်ဝင်လိုက်ပါတယ်။ဒါကအဆုံးသတ်မကောင်းတဲ့လမ်းမှန်းသိပေမယ့် မတတ်သာလို့လုပ်ရတဲ့အခါ ရဲအရာရှိတစ်ယောက်နဲ့ဆက်သွယ်မိပြီး ငွေတုရဲ့အရင်းအမြစ်ကိုဖော်ထုတ်ပေးဖို့ ရဲအရာရှိကိုကတိပေးလိုက်ပါတယ်။ အရမ်းဉာဏ်များတဲ့ ငွေတုလုပ်ငန်းရှင်ကိုအမိဖမ်းနိုင်ဖို့ ဉာဏ်အားရော ခွန်အားရောသုံးနေရပေမယ့် သူ့သမီးလေးအနာဂတ်အတွက် ငွေတုလုပ်ငန်းကနေငွေရသလောက်ရှာမယ်လို့ ကျန့်မင်ဆုံးဖြတ်လိုက်တဲ့အချိန်မှာတော့ သူဟာနှစ်ဖက်ဖိအားတွေကြားမှာ သူလိုချင်တဲ့ရည်မှန်းချက်ကိုရနိုင်မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာပဲဖြစ်ပါတယ် Filesize : 1.63 GB / 920 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Action , Crime Runtime : 1h 37 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း