ဇာတ်ကားများ ရွေးရန်

The Nonsense

2025ဇာတ်ကားအမှတ် 6.5/10117 မိနစ်

The Nonsense (2025) IMDb Rating (6.5) ဒီတစ်ခေါက်မှာတော့ Hunter with a Scalpel ထဲက မင်းသားကြီး Park Yong-Woo နဲ့ Search: WWW ထဲက မင်းသမီး Oh Ah-Yeon တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားသစ်လေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ - ဇာတ်လမ်းအကျဉ်း - သွေးအေးပြီး ပြတ်ပြတ်သားသား အလုပ်လုပ်ကိုင်တတ်တဲ့ အာမခံညှိနှိုင်းရေးမှူး ဂင်ယူနာဟာ ရုတ်တရက်ကြီး အလုပ်ထွက်သွားတဲ့ လုပ်ဖော်ကိုင်ဖက်ရဲ့ကိုယ်စား အသက်အာမခံအမှု တစ်ခုကို လွှဲပြောင်းတာဝန်ယူရဖို့ ဖြစ်လာပါတယ်။ အဲဒီအမှုမှာ ထူးဆန်းနေတဲ့ အချက်ကတော့ ပမာဏ အမြောက်အများရှိတဲ့ အာမခံကြေးတွေကို အကျိုးခံစားခွင့်ရှိသူက သေဆုံးသူရဲ့ မိသားစုဝင်လည်းမဟုတ် ဆွေမျိုးလည်းမဟုတ်တဲ့ ရယ်မောခြင်းကုထုံးပညာရှင် ဂန်ဆွန်းဂယူ (Park Yong-Woo) ဖြစ်နေတာပါပဲ.... ယူနာလည်း အစကတော့ ဂန်ဆွန်းဂယူက ဒီအမှုရဲ့ အဓိက သံသယရှိသူလို့ သေချာနေခဲ့ပေမဲ့ ဂန်ဆွန်းဂယူနဲ့ ပြောဆိုဆက်ဆံမိလေ‌လေ ယူနာရဲ့စိတ်လည်း တစ်စထက်တစ်စ ပိုပိုပြီး ယိမ်းယိုင်လာတဲ့အခါမှာတော့... ဂန်ဆွန်းဂယူက အမှန်တကယ်ပဲ လူတွေရဲ့ ရင်ထဲက စိတ်ဒဏ်ရာကို ကုစားပေးနေတဲ့သူ ဖြစ်မလား.... ဒါမှမဟုတ် နွေးထွေးတဲ့ စကားလုံးတွေရဲ့ နောက်ကွယ်မှာ ကြောက်မက်ဖွယ် လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားတာဖြစ်မလား.... အမှန်နဲ့ အမှားကြားက ဝေခွဲမရတဲ့ လှည့်ကွက်တွေနဲ့အတူ ဇာတ်လမ်းအဆုံးအထိ ဆွဲခေါ်ပေးသွားမှာဖြစ်လို့ လက်မလွတ်တမ်း ကြည့်ရှုလိုက်ကြပါဦးနော်။ File Size : 1.38GB/ 520MB Quality : NF WEB-DL 1080p 5.1CH/ 720p Format : mp4 Duration : 1hr 55m Genre : Drama, Mystery Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း