Normal
Normal (2026) 4K HEVC +++++++ IMDb Rating (6.7) / Rotten Tomatoes (79%) ဒါကတော့ ၂၀၂၆ ခုနှစ်မှာ ထွက်ရှိထားတဲ့ Normal ဆိုတဲ့ အက်ရှင်ကားလေးပါ။ John Wick ကို ဖန်တီးခဲ့တဲ့ Derek Kolstad က ဇာတ်ညွှန်းရေးထားပြီး၊ ဒါရိုက်တာ Ben Wheatley က ရိုက်ကူးပေးထားတာဆိုတော့ အက်ရှင်ခန်းတွေ၊ သေနတ်ပစ်ခန်းတွေကတော့ လုံးဝ အမိုက်စားပဲ။ မင်းသားကြီး Bob Odenkirk က ခေါင်းဆောင်ပါဝင်ထားပါတယ်။ ဇာတ်လမ်းက ယူလစ်ဆီး လို့ခေါ်တဲ့ ရဲအရာရှိတစ်ယောက်က မင်နီဆိုးတားပြည်နယ်က Normal ဆိုတဲ့ မြို့လေးမှာ ယာယီရဲအုပ်အဖြစ် ပြောင်းလာရာကနေ စတာပါ။ သူက အတိတ်က ပြဿနာတွေ၊ မိန်းမနဲ့ ကွဲထားတာတွေကြောင့် စိတ်ညစ်ပြီး အရက်သောက်တတ်တဲ့ အကျင့်ရှိတော့၊ ပြဿနာမရှိဘဲ အေးအေးဆေးဆေး နေရမယ့် ဒီမြို့လေးမှာ အလုပ်လုပ်ဖို့ ရွေးလိုက်တာပေါ့။ မြို့နာမည် Normal လို့ ပေးထားတဲ့အတိုင်း မြို့ခံတွေကလည်း အေးချမ်းပြီး ဘာပြဿနာမှ မရှိသလိုပါပဲ။ ဒါပေမဲ့ တစ်နေ့မှာ ဘဏ်ဓားပြတိုက်မှုတစ်ခု ဖြစ်သွားချိန်မှာတော့ ဒီမြို့လေးရဲ့ လျှို့ဝှက်ချက်တွေ အကုန်ပေါ်လာပါတော့တယ်။ တကယ်တော့ ဒီမြို့လေးက နာမည်နဲ့ လုံးဝမလိုက်ဘဲ ရာဇဝတ်မှုတွေ၊ ယာကူဇာဂိုဏ်းတွေနဲ့ ပတ်သက်နေတဲ့ နေရာကြီးဖြစ်နေတာကို ယူလစ်ဆီး တစ်ယောက် သိသွားပါတယ်။ အဲဒီအချိန်မှာ သူ့ရဲ့ ရဲတပ်ဖွဲ့ဝင်တွေရော၊ တစ်မြို့လုံးကပါ သူ့ကို ရန်သူလို သဘောထားပြီး လိုက်သတ်ကြတော့တာပါပဲ။ ဒီတော့ သူက ဘဏ်ဓားပြတွေနဲ့ ပေါင်းပြီး တစ်ညလုံး အသက်ရှင်ဖို့အတွက် ဘယ်လိုတွေ ကြမ်းရမလဲဆိုတာကို အက်ရှင်အမိုက်စားတွေနဲ့ ကြည့်ရမယ့် ဇာတ်ကားပါ။ ဒီကားက ကြာချိန် ၁ နာရီခွဲလောက်ပဲ ရှိတာမလို့ ပျင်းစရာမကောင်းဘဲ အစအဆုံး ဆွဲခေါ်သွားမယ့် ကားမျိုးပါ။ Nobody ကားထဲကလိုပဲ မင်းသားကြီး Bob Odenkirk ရဲ့ အက်ရှင်စတိုင်ကို သဘောကျတဲ့သူတွေ၊ သွေးထွက်သံယိုများပေမဲ့ ဟာသလေးတွေပါ စွက်ထားတဲ့ အက်ရှင်ကားမျိုးကို ကြိုက်တဲ့သူတွေအတွက်ကတော့ အကြိုက်တွေ့စေမှာ သေချာပါတယ်။ အပန်းဖြေရင်း ပေါ့ပေါ့ပါးပါးနဲ့ အက်ရှင်ကြမ်းကြမ်းလေး ကြည့်ချင်တယ်ဆိုရင်တော့ ဒီကားလေးကို လက်မလွတ်သင့်ဘူးနော်။ File Size…(3.83GB)/ (948MB) / (617MB) Quality… WEB-DL 4K HEVC / 1080p HEVC / 720p Format…mkv / mp4 Duration…1h 31m Genre ….Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း