ဇာတ်ကားများ ရွေးရန်

Gangubai Kathiawadi

2022ဇာတ်ကားအမှတ် 7.5/10157 မိနစ်4K

ငယ်စဉ်က ဘောလီးဝုဒ်ရုပ်ရှင်ကြယ်ပွင့်တစ်ယောက် ဖြစ်ချင်ခဲ့တဲ့ Ganga Harjivandas ဟာ ချစ်သူရဲ့ လှည့်စားမှုကို ခံရပြီး ပြည့်တန်ဆာအဖြစ် ရောင်းစားခံလိုက်ရပါတယ်။ သူမမျှော်မှန်းထားတဲ့ဘဝနဲ့ လုံးဝကွာခြားသွားပေမယ့် ခက်ခဲကြမ်းတမ်းတဲ့အခြေအနေတွေကို ရင်ဆိုင်ရင်း ပြည့်တန်ဆာခေါင်းတစ်ဦးအဖြစ် ရပ်တည်လာခဲ့တယ်။ ဒီဇာတ်ကားက ၁၉၆၀ ပြည့်နှစ်များအတွင်း မွန်ဘိုင်းရဲ့ မာဖီးယားဘုရင်မတစ်ဦးဖြစ်လာတဲ့ သူမရဲ့ဘဝကို ဖြစ်ရပ်မှန်အခြေခံ ရိုက်ကူးထားတာပါ။ ယဉ်ကျေးမှုအစဉ်အလာကို အလေးထားတဲ့ ပတ်ဝန်းကျင်နဲ့ အသိုင်းအဝိုင်းက သူမတို့ ပြည့်တန်ဆာအိမ်မှာရှိတဲ့ အမျိုးသမီးတွေရဲ့ ဘဝရပ်တည်မှုကို တိုက်ခိုက်လာတဲ့အခါ သူမ ထပ်ပြီး ရင်ဆိုင်ရပြန်ပါတယ်။ ရှေ့ဆက်ကြရမယ့် ကလေးတွေရဲ့ အနာဂတ်၊ ပညာသင်ခွင့်နဲ့ ပြည့်တန်ဆာဖြစ်နေပေမယ့် အမျိုးသမီးတစ်ယောက်အနေနဲ့ ရသင့်တဲ့အခွင့်အရေးတွေအတွက် သူမ ဘယ်လိုရင်ဆိုင်သွားမလဲ။ ကိုယ်တိုင်ကြုံခဲ့ရတဲ့ နာကျင်မှုတွေအပြင် လူထုရဲ့ အပြစ်တင်ရှုတ်ချမှုတွေကိုပါ ကြံ့ကြံ့ခံရဦးမှာပါ။ Alia Bhatt အဓိကသရုပ်ဆောင်ထားပြီး Ajay လည်း ပါဝင်ထားပါတယ်။ ဒါရိုက်တာကတော့ Bajirao Mastani၊ Padmaavat နဲ့ Devdas တို့ကို ရိုက်ကူးခဲ့တဲ့ Sanjay Leela Bhansali ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း