ဇာတ်ကားများ ရွေးရန်

Revival of the Monkey King

2020ဇာတ်ကားအမှတ် 5.3/10

Revival Of The Monkey Kingမှာ စွန်းဝူခုန်းကကျိန်စာသင့်တောင်ကနေလွတ်မြောက်လာပြီးတော့ သူ့ရဲ့ရွှေကွင်းနဲ့တစ်သားတည်းမဖြစ်သေးခင်အချိန်ကာလကို ရိုက်ကူးပုံဖော်ထားတာပဲဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း စွန်းဝူခုန်းကကောင်းကင်နန်းတော်မှာအကြီးအကျယ်သောင်းကျန်းခဲ့တဲ့အတွက် ကျောက်တောင်အောက်မှာနှစ်ရာချီပိတ်ခံထားပြီးနောက်မှာ ပြန်ပြီးလွတ်မြောက်လာပေမယ့် ချွင်းချက်အနေနဲ့ ရွှေကွင်းရဲ့ထိန်းချုပ်တာကိုခံရပါတယ်။ ဒီကားမှာတော့ စွန်းဝူခုန်းကကျောက်တောင်အောက်ကနေလွတ်မြောက်လာပြီး လူပြည်ကိုလူဝင်စားအနေနဲ့ရောက်သွားပါတယ်။ အံ့မခန်းတဲ့အစွမ်းတွေရှိတဲ့ရွှေကွင်းကို မိစ္ဆာတွေကပါတပ်မက်ပြီးနည်းမျိုးစုံနဲ့ရယူဖို့ကြိုးစားကြပါတယ်။ အဲဒီထဲမှာ ဝိညာဉ်မိစ္ဆာမင်းကြီးကအဆိုးဆုံးပေါ့။ လူဝင်စားလေးဖြစ်တဲ့ဟွားရှောင်ထျန်းက သူ့ကိုယ်သူမျောက်မင်းကြီးဝင်စားမှန်းမသိပဲ မိစ္ဆာတွေရဲ့စောင့်ကြည့်ပြီး ထောင်ချောက်ဆင်တာတွေခံရတော့ပါတယ်။ ဒီလိုအခက်အခဲတွေနဲ့ကြုံနေရတဲ့အချိန်မှာ နတ်မိမယ်လေးအားချော့က ကောင်းကင်နန်းတော်အမိန့်အရ ဟွားရှောင်ထျန်းကိုလိုက်ရှာပြီး သူ့ရဲ့အခက်အခဲတွေကိုကူညီဖို့ရောက်လာပါတယ်။ နတ်မိမယ်လေးရဲ့အကူအညီနဲ့ ဟွားရှောင်ထျန်းတစ်ယောက် သူ့အတိတ်ကစွမ်းအားတွေပြန်ရလာပြီး စစ်နတ်ဘုရားတစ်ယောက်အဖြစ် ပြန်လည်ရပ်တည်နိုင်လာတဲ့ဇာတ်လမ်းလေးကိုပုံဖော်ထားတာပဲဖြစ်ပါတယ် Filesize : 1.07 GB / 606 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Drama , Fantasy Runtime : 1h 22 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း