ဇာတ်ကားများ ရွေးရန်

One Spoon of Chocolate

2026ဇာတ်ကားအမှတ် 5.3/10112 မိနစ်

One Spoon of Chocolate (2026) +++++++++++++++++ Action Thriller အကြမ်းစား ကြိုက်တဲ့သူတွေအတွက် Wu-Tang Clan ရဲ့ နာမည်ကျော် RZA ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရိုက်ကူးထားတဲ့ "One Spoon of Chocolate" ဆိုတဲ့ ရုပ်ရှင်ကားမှာ Spider-Man: Into the Spider-Verse ထဲက Miles Morales ရဲ့ အသံရှင် မင်းသား Shameik Moore က အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်ထားပြီး၊ Paris Jackson (မိုက်ကယ်ဂျက်ဆင်ရဲ့ သမီး) နဲ့ RJ Cyler တို့ကလည်း အားဖြည့် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်ဖြစ်တဲ့ Randy "Unique" Joneson (Shameik Moore) ဟာ စစ်မှုထမ်းဟောင်း တစ်ယောက်ဖြစ်သလို ထောင်ကျဖူးတဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ထောင်ကထွက်လာပြီးနောက် ပြဿနာတွေနဲ့ ကင်းကင်းရှင်းရှင်း အေးအေးချမ်းချမ်းနေချင်တာကြောင့် အိုဟိုင်းယိုးပြည်နယ်က "Karenville" ဆိုတဲ့ မြို့လေးကို ပြောင်းလာပြီး သူ့ရဲ့ ဝမ်းကွဲညီအစ်ကိုဖြစ်တဲ့ Ramsee (RJ Cyler) နဲ့အတူ လာနေပါတော့တယ်။ ဒါပေမဲ့ အဲဒီမြို့လေးက သူထင်သလို အေးချမ်းမနေပါဘူး။ မြို့ကို အုပ်စိုးထားတာက လူမျိုးရေးခွဲခြားတတ်တဲ့ ရဲအရာရှိကြီး McLeoud နဲ့ သူ့ရဲ့သား Jimmy တို့ ဂိုဏ်းပါ။ ပိုဆိုးတာက သူတို့ဟာ လူမည်းလူငယ်တွေကို ဖမ်းဆီးသတ်ဖြတ်ပြီး ကိုယ်တွင်းအင်္ဂါတွေကို ထုတ်ရောင်းတဲ့ သိပ်ရက်စက်တဲ့ မှောင်ခိုလုပ်ငန်းကြီးကို လျှို့ဝှက် လုပ်ကိုင်နေကြတာပါ။ ဒီလုပ်ငန်းရဲ့ သားကောင်အဖြစ် Unique ရဲ့ နောက်ထပ် ဝမ်းကွဲညီတစ်ယောက်ဖြစ်တဲ့ နာမည်ကြီး အားကစားသမား Lonnie ဟာ ရက်ရက်စက်စက် အသတ်ခံလိုက်ရပါတယ်။ ဒီကိစ္စကို ရဲတိုင်ဖို့ ကြိုးစားပေမယ့် ရဲတွေကိုယ်တိုင်က ဒီရာဇဝတ်မှုတွေရဲ့ နောက်ကွယ်က ကြိုးကိုင်သူတွေ ဖြစ်နေမှန်း Unique သိသွားတဲ့အခါ... သူ့ရဲ့ စစ်သားဘဝက တိုက်ခိုက်ရေးစွမ်းရည်တွေကို အသုံးချပြီး ဒီလူဆိုးဂိုဏ်းကို တစ်ယောက်တည်း ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီကားရဲ့ အဓိက ဆွဲဆောင်မှုကတော့ အကျင့်ပျက်ခြစားပြီး လူမျိုးရေးခွဲခြားတဲ့ အုပ်ချုပ်သူတွေကို မခံမရပ်နိုင်ဖြစ်ပြီး ကိုယ်တိုင် တရားစီရင်တဲ့ (Vigilante Justice) ပုံစံမျိုး ရိုက်ကူးထားတာပါပဲ။ Action အခန်းတွေမှာလည်း RZA ရဲ့ ထုံးစံအတိုင်း သိုင်းပညာနဲ့ ဓားရေးတွေကိုပါ ထည့်သွင်းပြီး အမိုက်စား ရိုက်ကူးထားတာ တွေ့ရမှာပါ။ ဥပဒေက အကာအကွယ်မပေးနိုင်တဲ့အခါ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရင်ဆိုင်ရတဲ့ Action ခပ်ကြမ်းကြမ်းနဲ့ Revenge (ကလဲ့စားချေတဲ့) ဇာတ်လမ်းမျိုးတွေ ကြိုက်တယ်ဆိုရင် ဒီကားလေးက အကြိုက်တွေ့စေမှာပါ။ Unique တစ်ယောက် သူ့ရဲ့ မိသားစုအတွက် ဘယ်လိုမျိုး အကြိတ်အနယ် ကလဲ့စားချေသွားမလဲ၊ အကျင့်ပျက် ရဲအရာရှိတွေကိုရော ဘယ်လို နှိမ်နင်းသွားမလဲဆိုတာကိုတော့ "One Spoon of Chocolate" ရုပ်ရှင်ထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်။ File Size… (2.98GB) / (1.10GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 54m Genre ….Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း