An Ordinary Case
An Ordinary Case (2024) IMDb Rating (6.6) ပြင်သစ်ရုပ်ရှင်လောကရဲ့ ဂန္ထဝင်မင်းသားကြီး Daniel Auteuil ကိုယ်တိုင် ဇာတ်ညွှန်းရေး၊ ဒါရိုက်တာအဖြစ် ရိုက်ကူးပြီး အဓိကရှေ့နေကြီးနေရာကပါ ပါဝင်သရုပ်ဆောင်ထားတဲ့ Courtroom Drama / Crime Mystery ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ကလေး ၅ ယောက်ရဲ့ ဖခင်ဖြစ်သူ Nicolas Milikဆိုတဲ့ အမျိုးသားတစ်ဦးဟာ သူ့ရဲ့ဇနီးဖြစ်သူကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့မှုနဲ့ တရားစွဲဆိုခြင်း ခံရပုံကနေ စတင်ထားပါတယ်။ သူ့ကို ကြည့်ရတာ အေးအေးဆေးဆေးနဲ့ တကယ့်မိသားစုချစ်တတ်တဲ့ ဖခင်ကောင်းတစ်ဦး ပုံစံမျိုးပါ။ ဒီအမှုမှာ ဝါရင့်တရားခံရှေ့နေကြီး Jean Monier က စွပ်စွဲခံရသူ Nicolas ဘက်ကနေ အခမဲ့ လိုက်ပါကူညီပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ရှေ့နေကြီးဟာ Nicolas မှာ လူသတ်ရမယ့် အကြောင်းအရင်း (Motive) မရှိဘူးလို့ ယုံကြည်ထားပြီး သူ့ကို အပြစ်မရှိကြောင်း သက်သေပြဖို့ အစွမ်းကုန် ကြိုးစားပါတော့တယ်။ ဒါပေမဲ့ ပြဿနာက အမှုက အဆင့်ဆင့် တက်လာလေလေ... သက်သေအသစ်တွေက Nicolas ကို ပိုပြီး အပြစ်ရှိကြောင်း ညွှန်ပြနေလေလေပါပဲ။ ရှေ့နေကြီးဟာ တရားလိုဘက်က အစိုးရရှေ့နေတွေတင်မကဘဲ... တစ်ခါတရံမှာ သူကိုယ်တိုင် စိတ်ဒွိဟဖြစ်အောင် လျှို့ဝှက်ချက်တွေ ဖုံးကွယ်ထားတတ်တဲ့ တရားခံရဲ့ စိတ်နေသဘောထားကိုပါ ရင်ဆိုင်ပြီး အမှန်တရားကို အဖြေရှာရပါတော့တယ်။ File size… (2.3 GB) / (870 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Crime,Drama Duration…. 01:55:11 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း