Farewell, My Lovely
Farewell, My Lovely (1975) ကမ္ဘာကျော် စုံထောက်စာရေးဆရာကြီး Raymond Chandler ရဲ့ နာမည်ကြီးဝတ္ထုကို ပြန်လည်ရိုက်ကူးထားပြီး ၁၉၄၀ ခုနှစ်တွေရဲ့ Film Noir (မှုခင်းရုပ်ရှင်) အငွေ့အသက်တွေကို အကောင်းဆုံး ပြန်လည်အသက်သွင်းထားတဲ့ Neo-Noir Crime Thriller ဂန္ထဝင်ကားကောင်းတစ်ကား ဖြစ်ပါတယ် ဇာတ်လမ်းကတော့ ၁၉၄၁ ခုနှစ် လော့စ်အိန်ဂျလိစ်မြို့ကြီးရဲ့ အမှောင်ထုကို အခြေခံထားပါတယ်။ ဝါရင့်အလွတ်တန်းစုံထောက် Philip Marlowe ဟာ ထောင်ကလွတ်ခါစ လူမိုက်ကြီး Moose Malloy ရဲ့ ငှားရမ်းခြင်းကို ခံခဲ့ရပါတယ်။ Moose ရဲ့ တောင်းဆိုချက်ကတော့ လွန်ခဲ့တဲ့ ၈ နှစ်ကတည်းက ပျောက်ဆုံးသွားခဲ့တဲ့ သူ့ရဲ့ချစ်သူ ကလပ်တစ်ခုက အပျော်မယ်လေး Velma ကို ရှာဖွေပေးဖို့ပါ။ စုံထောက် မာလိုဟာ ဒီပျောက်ဆုံးမှုကို လိုက်လံစုံစမ်းရင်းနဲ့ မြို့ပြရဲ့ အကျင့်ပျက်ခြစားမှုတွေ၊ လူသတ်မှုတွေ၊ ပြည့်တန်ဆာလောကနဲ့ လောင်းကစားဝိုင်းတွေကြားထဲကို တဖြည်းဖြည်း နက်နက်ရှိုင်းရှိုင်း ရောက်ရှိသွားပါတော့တယ်။ အဆိုးဆုံးကတော့ စုံစမ်းမှုတွေ ပြုလုပ်ရင်း သူကိုယ်တိုင် လူသတ်မှုနဲ့ပါ မတရားစွပ်စွဲဂွင်ဆင် ခံရတဲ့အခါမှာတော့... အမှန်တရားပေါ်ပေါက်ဖို့နဲ့ သူ့ရဲ့အသက်ကို ကယ်တင်ဖို့အတွက် ဘယ်လိုအကွက်ကျကျ စုံစမ်းဖော်ထုတ်သွားမလဲဆိုတာကို ရိုက်ပြထားတဲ့ ဂန္တဝင်ကားကောင်းတစ်ကားပါ
ဇာတ်လမ်းအကြောင်း