ဇာတ်ကားများ ရွေးရန်

The Wrong Bitch

2025ဇာတ်ကားအမှတ် 5.4/1099 မိနစ်

"The worng Bitch (2025)" ယာယာ ဆိုတာ တရားဥပဒေအတိုင်း မှန်မှန်ကန်ကန် လျှောက်လှမ်းပြီး အေးအေးဆေးဆေး အမှုလိုက်လေ့ရှိတဲ့ ထက်မြက်တဲ့ ရှေ့နေမလေးတစ်ယောက် ဖြစ်ပါတယ်။ သူမဟာ ပြဿနာတွေကို ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းတာထက် ဉာဏ်နဲ့ အေးအေးဆေးဆေး ဖြေရှင်းတတ်သူဖြစ်ပြီး မိသားစုနဲ့အတူ အေးချမ်းတဲ့ လူနေမှုဘဝကိုပဲ ပိုင်ဆိုင်နေခဲ့သူပါ။ ဥပဒေဘောင်အတွင်းမှာပဲ ရိုးရိုးသားသား ရပ်တည်ပြီး အမှန်တရားအတွက် တိုက်ပွဲဝင်နေတဲ့ သူမရဲ့ ကမ္ဘာဟာ အရာရာပြီးပြည့်စုံနေခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ သူမ သိပ်ချစ်ရတဲ့ အမျိုးသားဖြစ်သူ ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခြင်း ခံလိုက်ရတဲ့အခါမှာတော့ ယာယာရဲ့ အေးချမ်းတဲ့ဘဝဟာ ရုတ်ချည်း ပျက်စီးသွားပါတယ်။ တရားခံကို ဖော်ထုတ်ဖို ဥပဒေကြောင်းအရ ကြိုးစားပေမဲ့ နောက်ကွယ်က အမှောင်ထုက ကြီးမားလွန်းနေတာကြောင့် ယာယာဟာ သူမကိုယ်တိုင် ယောက်ျားဖြစ်သူ သေဆုံးမှုရဲ့ သဲလွန်စတွေကို တစ်စစီ လိုက်လံရှာဖွေ ဖော်ထုတ်ဖို ဆုံးဖြတ်ခဲ့ပါတယ်။ အေးဆေးတဲ့ ရှေ့နေမလေးဘဝကနေ ခက်ထန်ပြီး သတ္တိရှိတဲ့ အမျိုးသမီးတစ်ယောက်အဖြစ် ပြောင်းလဲကာ သေနတ်ကျည်ဆန်တွေ၊ အန္တရာယ်တွေကြားထဲမှာ ယောက်ျားအတွက် ကလဲ့စားချေဖိုနဲ့ အမှန်တရားကို ရှာဖွေဖို မြေအောက်လောကရဲ့ သဲလွန်စတွေကို တစ်ဆင့်ပြီးတစ်ဆင့် လိုက်စုံစမ်းပါတော့တယ်။ အေးအေးဆေးဆေး နေတတ်တဲ့ အမျိုးသမီးတစ်ယောက်ကနေ မိမိချစ်ရသူဆုံးရှုးသွားတဲ့အခါအမှားပြင်ဆင်ဖိုအတွက်ပြောင်းလဲသွားတဲ့မိန်းမသားတစ်ယောက်အနေနဲ့ဘယ်လိုတုံပြန်မလဲဆိုတာကို ရိုက်ကူးထားတာပါ

ဇာတ်လမ်းအကြောင်း