ဇာတ်ကားများ ရွေးရန်

Hurdle

2025ဇာတ်ကားအမှတ် 6.5/10103 မိနစ်

Hurdle (2025) IMDb Rating (6.5) ဒီတစ်ခေါက်မှာတော့ Penthouse ထဲက အွန်းဗြောအနေနဲ့ ပရိသတ်ကြီးတို့ ရင်းနှီးပြီးသား မင်းသမီးလေး Choi Yebin အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ - ဇာတ်လမ်းအကျဉ်း - မိခင် ဆုံးပါးသွားပြီးနောက် ထရပ်ကားမောင်းနှင်တဲ့ ဖခင်ဖြစ်သူနဲ့ နှစ်ဦးတည်း အတူနေထိုင်နေရတဲ့ ချွဲဆောယွန်း (Choi Yebin) ဟာဆိုရင်တော့ ဖြောင်းဟွာမိန်းကလေးအထက်တန်းကျောင်း ပြေးခုန်ပစ်အဖွဲ့က ကစားသမားဖြစ်ပြီး အကျွမ်းကျင်ဆုံး အမျိုးအစားကတော့ မီတာ ၁၀၀ တန်းကျော်ပြေးပွဲပဲ ဖြစ်ပါတယ်။ ဆောယွန်းရဲ့ စံချိန်က အရမ်းကောင်းတာဖြစ်လို့လည်း လက်ရွေးစင်စစ်ဆေးပွဲပြီးတာနဲ့ ခရိုင်ရုံး အားကစားအသင်းမှာ ဝင်ရောက်ကစားရဖို့ သေချာသလောက် ရှိနေသူပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ ဆောယွန်းရဲ့အဖေက ထရပ်ကားမောင်းနှင်နေစဉ် ဦးနှောက်သွေးယိုစိမ့်မှုကြောင့် ရုတ်တရက် မေ့လဲသွားတဲ့အခါမှာတော့... တစ်ရက် တစ်မနက်တွင်းချင်း ကိုယ့်ရဲ့ တစ်ဦးတည်းသော အုပ်ထိန်းသူဖြစ်တဲ့ ဖခင်ရဲ့ အုပ်ထိန်းသူနေရာကို တာဝန်ယူဖို့ ဖြစ်လာတဲ့ ဆောယွန်းတစ်ယောက် ဘယ်လိုမျိုး ကြံ့ကြံ့ခိုင် ရင်ဆိုင်ဖြတ်သန်းသွားမှာလဲ... အရွယ်မရောက်သေးတဲ့ အသက်အရွယ်မှာ မိသားစုတာဝန်ကို ထမ်းပိုးထားရတဲ့ ကလေးတွေကို လူ့အဖွဲ့အစည်းကနေ လုံလောက်တဲ့ ဖေးမကူညီမှုကို မပေးနိုင်တဲ့အခါ.... သူတို့လေးတွေ ဘယ်လို လမ်းမှားရောက်သွားနိုင်လဲဆိုတာကို အသိပညာပေး မီးမောင်းထိုး ရိုက်ကူးပြထားတာမို့လို့ လက်မလွတ်တမ်း ကြည့်ရှုလိုက်ကြပါဦး။ File Size : 1.25GB/ 530MB Quality : NF WEB-DL 1080p 5.1CH/ 720p Format : mp4 Duration : 1hr 35m Genre : Drama, Sports Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း