ဇာတ်ကားများ ရွေးရန်

Cold War

2012ဇာတ်ကားအမှတ် 6.7/10102 မိနစ်

Cold War 1 ဇာတ်ကားက ဟောင်ကောင်ရဲတပ်ဖွဲ့ရဲ့ အရေးပေါ်စစ်ဆင်ရေးတစ်ခုကို အခြေခံထားတဲ့ အက်ရှင်သည်းထိတ်ရင်ဖိုကားတစ်ကားဖြစ်ပါတယ် ဒီကားလေးထဲမှာဟောင်ကောင်နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Aaron Kwok၊ Tony Leung Ka-fai၊ Andy Lau၊ Eddie Peng နဲ့ Charlie Yeungတို အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းလေးကတော့ အစမှာ ဟောင်ကောင်ရဲတပ်ဖွဲ့ရဲ့ အရေးပေါ်တုန့်ပြန်ရေးယာဉ် EU Van ကားတစ်စီးနဲ့ ရဲအရာရှိငါးယောက် ပြန်ပေးဆွဲခံလိုက်ရပါတယ်… အဲဒီအချိန်မှာ ရဲချုပ်က နိုင်ငံခြားခရီးထွက်နေတဲ့အတွက် ဒုရဲချုပ်နှစ်ယောက်ဖြစ်တဲ့ ဒုရဲချုပ်လျိုကျယ်ဟွေးနဲ့ ဒုရဲချုပ်လီဝမ်ပင်းတို့က အမှုကို ကိုင်တွယ်ရပါတော့တယ် ဒုရဲချုပ်လီက ပထမဆုံး “Cold War” စစ်ဆင်ရေးကို စတင်ဦးဆောင်ပြီး ပြန်ပေးဆွဲသမားတွေနဲ့ ညှိနှိုင်းဖို့ ကြိုးစားပါတယ် ဒါပေမဲ့လည်း ပြန်ပေးဆွဲသမားတွေက ရဲတပ်ဖွဲ့ရဲ့ လှုပ်ရှားမှုတိုင်းကို ကြိုသိနေသလို ဖြစ်နေပြီး အခြေအနေက ပိုဆိုးလာတဲ့အခါ အဲဒီနောက် ဒုရဲချုပ်လျိုက စစ်ဆင်ရေးအာဏာကို လွှဲယူလိုက်ပြီး ပိုတင်းကျပ်တဲ့နည်းလမ်းတွေနဲ့ စုံစမ်းမှုတွေ စတင်လုပ်ဆောင်ပါတော့တယ် စုံစမ်းရင်းနဲ့ ပြန်ပေးဆွဲမှုနောက်ကွယ်မှာ သာမန်ရာဇဝတ်သားတွေတင်မဟုတ်ဘဲ ရဲတပ်ဖွဲ့အတွင်းက လူတွေပါ ပါဝင်ပတ်သက်နေနိုင်ကြောင်း သံသယတွေ ပေါ်လာတဲ့အခါ ဒီအတောအတွင်း မြို့လယ်ခေါင်မှာ ကားလိုက်ပစ်ခတ်မှုကြီးတွေ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားလာပြီး ရဲတပ်ဖွဲ့အပေါ် လူထုယုံကြည်မှုလည်း လှုပ်ခတ်လာပါတယ် ဒုရဲချုပ်လီရဲ့သား လီကျားကျွင့်ကလည်း ဒီဖြစ်ရပ်နဲ့ ဆက်စပ်နေသလို ပေါ်လာပြီး အမှုက ပိုရှုပ်ထွေးလာတဲ့အခါဒုရဲချုပ်လျိုက အမှန်တရားကို တဖြည်းဖြည်း နီးကပ်လာတဲ့အချိန်မှာတော့ ဒီအမှုဟာ ရဲချုပ်နေရာအာဏာပြိုင်ပွဲတွေနဲ့ပါ ဆက်စပ်နေကြောင်း သိလာရတဲ့အခါရဲတပ်ဖွဲ့အတွင်းမှာ ဘယ်သူက သစ္စာရှိပြီး ဘယ်သူက နောက်ကွယ်က ကြိုးကိုင်သူဖြစ်မလဲဆိုတာ ပြန်ပေးဆွဲမှုနောက်ကွယ်က အစီအစဉ်တချို့ကို ဖော်ထုတ်နိုင်ပေမဲ့ တကယ့်ကြိုးကိုင်သူအစစ်တွေ အားလုံးကို မဖမ်းနိုင်သေးဘဲ ကျန်နေသေးတဲ့အခါ ဒုရဲချုပ်လျိုကတော့ သူ့ရဲ့စွမ်းဆောင်ရည်ကြောင့် ရဲချုပ်နေရာကို တက်လာနိုင်ပေမဲ့ အန္တရာယ်က မပြီးဆုံးသေးကြောင်း သိလာရပါတယ်…ရဲချုပ်လျိုရဲ့ အနာဂတ်ဘာဖြစ်မလဲ ဒုရဲချုပ်လီဘက်မှာ ဘာလျှို့ဝှက်ချက်တွေ ကျန်နေသေးလဲ ရဲတပ်ဖွဲ့အတွင်းက သစ္စာဖောက်အစစ်တွေ ဘယ်သူတွေလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲ လိုက်ကြည့်ကြပါစို့နော် Filesize : 1.08 GB / 641 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Action , Thriller Runtime : 1h 42 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း