Looking Up
ဒီဇာတ်ကားဟာ အာကာသယာဉ်မှူးတစ်ယောက်ဖြစ်လာတဲ့ သားဖြစ်သူနဲ့ သူ့ရဲ့အဖေကြားက မေတ္တာ ယုံကြည်မှုနဲ့ မိသားစုဆက်ဆံရေးကို အဓိကထားရိုက်ကူးထားတဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် ဒီဇာတ်ကားလေးထဲမှာ MC တွေအဖြစ် Bai Yu၊ Li Jian Yi၊ Ren Suxi၊ Wang Xi၊Sun Xi Lun တို့လို စတားတွေအပြင် 2009 ခုနှစ်ထွက်ဗားရှင်းက လူသိများတဲ့ နဂါးနိုင်ဓားမင်းသားကြီး Deng Chao ကလည်း သားကို အမြဲယုံကြည်ပေးပြီး ဘဝအခက်အခဲတွေကြားထဲမှာတောင် အရှုံးမပေးဖို့ သင်ပေးတဲ့ ဖခင်တစ်ယောက်အဖြစ် အဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ် အာကာသမစ်ရှင်တစ်ခုအတွင်း ဆက်သွယ်မှု ပြတ်တောက်သွားတဲ့အချိန်မှာ အာကာသယာဉ်မှူး မာဖေးဟာ သူ့ဘဝတစ်လျှောက် အဖေဖြစ်သူမာဟောက်ဝမ်နဲ့ဖြတ်သန်းခဲ့တဲ့ အမှတ်တရတွေကို ပြန်လည်သတိရလာပါတယ် အဖေဖြစ်သူကတော့ သာမန်ဘဝနဲ့ ရုန်းကန်နေရတဲ့ လူတစ်ယောက်ဖြစ်ပေမဲ့ သားကို အမြဲယုံကြည်ပြီး “ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးနိုင်တယ်” ဆိုတဲ့ စိတ်ဓာတ်ကို သင်ပေးခဲ့သူဖြစ်ပါတယ် ငယ်ဘဝကနေ ကြီးပြင်းလာတဲ့အထိ သားအဖနှစ်ယောက် ကြုံတွေ့ရတဲ့ အခက်အခဲတွေ နားလည်မှုလွဲတာတွေ မခွဲနိုင်တဲ့ မေတ္တာတွေကို နွေးနွေးထွေးထွေး ခံစားပြီးကြည့်ရှုရမှာပါ ဟာသလေးတွေလည်း ပါသလို မျက်ရည်ကျစေမဲ့အခန်းတွေလည်း များတာကြောင့် ကြည့်ရှုသူရဲ့ ရင်ထဲထိစေမဲ့ ဇာတ်ကားလေးဖြစ်ပါတယ် အာကာသစွန့်စားခန်းနောက်ခံနဲ့ မိသားစုဒရာမာကို ပေါင်းစပ်ထားပြီး ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာက ဘယ်လောက်ကြီးမားနိုင်သလဲဆိုတာကို ထိထိမိမိ ပြသထားတာဖြစ်လို့ နောက်ဆုံးမှာ မာဖေးဟာ အဖေသင်ပေးခဲ့တဲ့ ယုံကြည်မှုတွေနဲ့ အန္တရာယ်ကြားထဲကနေ ဘယ်လိုကျော်ဖြတ်မလဲဆိုတာ စိတ်ဝင်စားဖွယ် ဆက်ပြီးကြည့်ရှုကြပါဦးနေ Filesize : 2.08 GB / 1.17 GB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Family , Drama Runtime : 2h 27 min Subtitle : Myanmar Subtitle ( Hardsub )
ဇာတ်လမ်းအကြောင်း