ဇာတ်ကားများ ရွေးရန်

Kaapa

2022ဇာတ်ကားအမှတ် 5.2/10133 မိနစ်

အာနန်နဲ့ ဘီနူဟာ ဘန်ဂလောကနေ သီရုဗနသာပူရန်မြို့ကို ပြောင်းလာခါစ ကြင်စဦးမောင်နှံပါ။ အဲဒီအချိန်မှာပဲ ဇနီးဖြစ်သူရဲ့နာမည်က ရာဇဝတ်သားစာရင်းဖြစ်တဲ့ Kaapa ထဲ ပါနေတယ်ဆိုတာ အာနန် သိလိုက်ရပါတယ်။ သူတို့ပြောင်းလာတဲ့မြို့မှာ မာဒူဦးစီးတဲ့ ကိုလ်တာမာဒူဂိုဏ်းက ကြီးစိုးနေပြီး မာဒူနဲ့ ဘီနူရဲ့မျိုးနွယ်ကြားမှာလည်း ရန်ငြိုးရှိနေတယ်။ အာနန်အတွက်တော့ ဂိုဏ်းခေါင်းဆောင်ဆီ သွားတောင်းပန်ရမလား၊ ရဲမှတ်တမ်းထဲက ဇနီးနာမည်ကို ဖျက်ပေးနိုင်ဖို့ လုပ်ရမလားဆိုတာ ကြံရခက်လာပါတယ်။ ဒီကိစ္စကို ဖြေရှင်းဖို့ လုပ်ရင်း နောက်ကွယ်က အရှုပ်အထွေးတွေအထိ ဘယ်လောက် ဝင်ပတ်သက်ရဦးမလဲဆိုတာကို Prithviraj Sukumaran ပါဝင်ထားတဲ့ ဒီရာဇဝတ်မှုနဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားမှာ ဆက်တွေ့ရမှာပါ။

ဇာတ်လမ်းအကြောင်း