ဇာတ်ကားများ ရွေးရန်

Edge of Fear

2018ဇာတ်ကားအမှတ် 5.3/1091 မိနစ်

ဒီနေ့မှာတော့ မီယွီကားထဲက မီယွီအဖြစ်သရုပ်ဆောင်ခဲ့တဲ့ ကျူးကျူးရဲ့ ၂၀၁၈ ခုနှစ်က ထွက်ခဲ့တဲ့ အင်္ဂလိပ်လိုပြောတဲ့ တရုတ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်... ဒီကားလေးကတော့ အက်ရှင်ကြိုက်သူတွေ ကြိုက်စေမယ့်ကားကောင်းတစ်ခုလို့ပြောရမယ်ဆို မမှားနိုင်ပါဘူးနော်...ဒီကားလေးက ထောင်ထဲက ဆရာကြီးကို ထောင်ကားနဲ့ ပြောင်းရွေ့တုန်း လမ်းတစ်ဝက်မှာ လုခဲ့တဲ့ ထောင်ပြေးတစ်သိုက်က ဖုန်းလိုင်းမမိတဲ့ လူသူကင်းတဲ့ တောထဲမှာ လမ်းပျောက်နေသလို.... တစ်ဖက်မှာလည်း အေးချမ်းစွာ လူတွေနဲ့အဝေးတစ်နေရာ သစ်ရိပ်ဝါးရိပ်မှာ အနားယူနေတဲ့ လင်းလျန်နဲ့ ရိုလန်တို့လင်မယားနှစ်ယောက်ရှိနေပြန်တယ်... ဒါပေမယ့် သူတို့က သာမန်လူတွေတော့ မဟုတ်ကြဘူး... လင်းလျန်ကလည်း အတွေ့အကြုံရင့်တဲ့ ထောက်လှမ်းရေးဟောင်းတစ်ယောက်လို အရည်အချင်းရှိသူ ဖြစ်တဲ့အပြင်... သူ့ဇနီးရိုလန်ဆိုတာလည်း အမြဲတမ်း အရေးပေါ်အခန်းမှာ သွေးသံတရဲရဲတွေကြား ပြေးလွှားလှုပ်ရှားနေတဲ့သူတစ်ယောက်ဖြစ်နေပြန်တယ်... ဒီတော့ သူတို့လင်မယားနဲ့အတူ အပန်းဖြေနေတဲ့ လူမည်းသူငယ်ချင်းတို့ သေကံမရောက် ထောင်ပြေးတွေလက်က ထွက်ပြေးဖို့ကြိုးစားခဲ့ရတဲ့ အကြောင်းကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်... ဒီကားလေးက အက်ရှင်ကားဖြစ်တယ်ဆိုပေမယ့်...ငွေကြေးခဝါချတဲ့အကြောင်းတွေ... လိင်ပိုင်းဆိုင်ရာ လူကုန်ကူးမှုတွေအကြောင်းတွေလက်နက်ကိုင်တိုက်ခိုက်တာတွေနဲ့အတူ အသက်ရှင်ဖို့ ကြိုးစားရုန်းကန်ကြတဲ့ဗျူဟာတွေပါ တွေ့ရမှာမလို့ ကြည့်သင့်တဲ့ကားကောင်းလေးမို့ မိုးအေးအေးလေးနဲ့ စောင်ခြုံပြီး ဇိမ်ခံကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်နော်... Filesize : 1.43 GB / 785 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Action and Thriller Runtime : 1h 31 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း