Love Can't Be Said
တက္ကသိုလ် စတုတ္ထနှစ်ကျောင်းသူ ထုန်ကျစ်းလျောင်ဟာ လူတွေနဲ့ စကားပြောရတာ မကြိုက်သလို မိတ်ဆွေဖွဲ့ဖို့လည်း ဝန်လေးတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အမြဲ သိမ်ငယ်နေတတ်တဲ့ သူမက ထိုင်ပေကနေ ကွမ်ကျိုးကို ကျောင်းလာတက်တဲ့ ကုပင်းကို သဘောကျနေတာ လေးနှစ်တောင် ရှိပါပြီ။ စတုတ္ထနှစ်ကျောင်းသား ကုပင်းကတော့ ခင်မင်တတ်၊ ပျော်ပျော်နေတတ်ပြီး အပင်တွေကို ချစ်သလို သူများကိုလည်း ကူညီချင်စိတ်ရှိသူပါ။ ကုပင်းဟာ ထုန်ကျစ်းလျောင်ရဲ့ လူငယ်ဘဝကို ပျော်ရွှင်တောက်ပစေပြီး ရှင်သန်ရခြင်းရဲ့ အဓိပ္ပာယ်ကို ခံစားမိစေခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် သူမမှာ ဖွင့်ပြောရဲတဲ့ သတ္တိမရှိဘူး။ ပြောတော့မယ်လို့ ဆုံးဖြတ်လိုက်ပြန်ရင်လည်း အလွဲအမျိုးမျိုးကြောင့် အခွင့်မသာခဲ့ပြန်ပါဘူး။ ဘွဲ့ရပြီး ကုပင်း ထိုင်ပေကို ပြန်တော့မယ့်အချိန်မှာတော့ သူမက သတ္တိမွေးပြီး တစ်ချိန်လုံး သူ့ကိုပဲ သဘောကျနေခဲ့ကြောင်း ဖွင့်ပြောလိုက်ပါတယ်။ ဒီဖွင့်ပြောမှုက အောင်မြင်ပါ့မလား။ ကုပင်းမှာရော ဖုံးကွယ်ထားတာတွေ ရှိနေမလား။ ငယ်ရွယ်ချိန်မှာ တွေ့ခဲ့ကြတဲ့ သူတို့နှစ်ယောက် တစ်သက်လုံး ပေါင်းဖက်သွားနိုင်ပါ့မလား။
ဇာတ်လမ်းအကြောင်း