ဇာတ်ကားများ ရွေးရန်

True Justice: Eye For An Eye

2026ဇာတ်ကားအမှတ် 6.0/1084 မိနစ်

True Justice: Eye for an Eye (2026) Hallmark mystery ဇာတ်လမ်းဖြစ်တဲ့ True Justice: Family Ties (2024) ရဲ့ sequel ဒုတိယမြောက် True Justice 2: Eye for an Eye (2026) ထွက်ရှိလာပါပြီ။ တတိယမြောက် True Justice: Lost Love ကိုတော့ မကြာခင်မှာ ထွက်ရှိသွားဖို့ ရှိပါတယ်။ သူက sequel ဖြစ်ပေမဲ့ တစ်ကားချင်းစီရဲ့ main plot က အသစ်စက်စက် အမှု့တစ်ခုစီကို ဖြေရှင်းကြရတာဖြစ်ပြီး "Justic Warriors" (အမှန်တရား စစ်သည်တော်များ) အဖွဲ့ရဲ့ အဓိကမန်ဘာတွေကိုလည်း အစပိုင်းမှာ ပြန်မိတ်ဆက်ပေးထားတာမို့ ဒီဇာတ်လမ်းကို နားလည်ဖို့အတွက်ဆိုရင်တော့ ပထမကားကို ပြန်မကြည့်လည်းရပါတယ်။ လူကြိုက်များတဲ့ "Shadowhunters" စီးရီးရဲ့ အဓိကဇာတ်ဆောင်နဲ့ DC series "Arrow" မှာ Mia Queen အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Katherine McNamara နဲ့အတူ Markian Tarasiuk၊ "Awkward" စီးရီးက Nikki DeLoach၊ "Saving Hope" နဲ့ "Burden of Truth" တို့က Benjamin Ayres တို့လည်း ပါဝင်ပါတယ်။ ဇာတ်လမ်းအကျဉ်း Sharon Warner က ကျောင်းရဲ့ မိဘဆရာအသင်း ဥက္ကဌဟောင်းဖြစ်သူ Katherine Harris ကို ကားတိုက်လူသတ်မှုနဲ့ မတရားစွပ်စွဲခံရပြီး တရားခံတစ်ယောက်ဖြစ်နေပါတယ်။ သေဆုံးသူရဲ့ သမီးက Sharon ရဲ့ သမီးကို အနိုင်ကျင့်ခဲ့လို့ သူတို့မိဘကြား မပြေမလည်ဖြစ်ခဲ့ဖူးတာကြောင့် Sharon ကို သံသယရှိသူအဖြစ် သတ်မှတ်ခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီအမှု့ကို Justice Warriors အဖွဲ့သားတွေက သိသွားပြီး Sharon ရဲ့နာမည်ကို ရှင်းပေးဖို့နဲ့ တရားခံအစစ်အမှန်ကို စုံစမ်းဖော်ထုတ်ပေးဖို့အတွက် ရှုပ်ထွေးတဲ့ ကျောင်းအဖွဲ့အစည်းက လူတွေကြားက လျှိုဝှက်ချက်တွေ၊ သက်သေအထောက်အထားတွေကို လိုက်လံရှာဖွေရင်း တရားမျှတမှုဖော်ထုတ်ရေး ခရီးလမ်းစကြပါတော့တယ်။ File size… (1.5 GB) / (610 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Crime, Mystery Duration…. 01:24:00 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း