An Unforgettable Year – Summer
အင်ယာက ဖက်ရှင်ကို ဝါသနာပါပြီး ပဲရစ်က ဖက်ရှင်ကောလိပ်တစ်ခုမှာ သွားတက်ချင်နေသူပါ။ ပါတီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ သူ့အဖေကတော့ သမီးရဲ့အိပ်မက်ကို လုံးဝသဘောမကျဘဲ သူနဲ့အတူ စည်းရုံးရေးပဲ လိုက်ဆင်းစေချင်တယ်။ အဖေက ကာနေဗယ်ပွဲတော်ကိုလည်း မကြိုက်သူပါ။ တစ်ရက်မှာ ကောလိပ်တက်ခွင့်ရဖို့ကိစ္စနဲ့ အင်ယာ ရီယိုမြို့ကို သွားဖို့လိုလာတယ်။ အဲဒီကနေ ရီယိုရဲ့ နာမည်ကြီးဆမ်းဘားအကသင်တန်းကျောင်းဖြစ်တဲ့ ပိုတယ်လာကျောင်းအတွက် ကာနေဗယ်ဝတ်စုံတွေ ချုပ်ပေးရာမှာ ဝင်ကူဖို့ အကြောင်းဖန်လာပါတယ်။ ပွဲတော်အတွက် ပြင်ဆင်ရင်း သူဘယ်လိုမိတ်ဆွေအသစ်တွေနဲ့ တွေ့ရမလဲ၊ တက်ချင်နေတဲ့ကောလိပ်အတွက် လိုအပ်တဲ့အကူအညီကိုရော ရနိုင်ပါ့မလားဆိုတာ ဆက်ပြထားတာပါ။ ဇာတ်လမ်းရဲ့နောက်ခံဖြစ်တဲ့ ဘရာဇီးကာနေဗယ်က နှစ်စဉ် ငါးရက်တာကျင်းပတဲ့ ပွဲတော်ကြီးဖြစ်ပါတယ်။ ခရစ်တော်ရဲ့ ရက်လေးဆယ်ဥပုသ်မတိုင်ခင် စားသောက်ကခုန်ပြီး ဆင်နွှဲကြတာလို့ ဆိုပါတယ်။ အရောင်တောက်တောက်ဝတ်စုံတွေ၊ မျက်နှာဖုံးတွေနဲ့ အလှပြယာဉ်တွေကြား တီးမှုတ်ကခုန်ရင်း စီတန်းလှည့်လည်ကြပြီး ရီယိုမှာကျင်းပတဲ့ပွဲက အကြီးဆုံးပါ။ ပွဲတော်ကာလမှာ ရီယိုမြို့လမ်းတွေပေါ် လူနှစ်သိန်းခန့် ပါဝင်ဆင်နွှဲကြတယ်လို့ ဆိုထားပါတယ်။ ဒီဇာတ်ကားမှာ ရီယိုမြို့မြင်ကွင်းတွေနဲ့ ဘရာဇီးနိုင်ငံသားတွေ ပွဲတော်ဆင်နွှဲကြပုံကို ပေါ်တူဂီသီချင်းတွေနဲ့အတူ ရိုက်ကူးပြထားပါတယ်။
ဇာတ်လမ်းအကြောင်း