Deja Vu
Déjà vu (2018) Thriller, Horror ကားတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တို့အတွက် ၂၀၁၈ တုန်းကထွက်ရှိခဲ့တဲ့ ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ လူသူမရှိတဲ့ မြို့လမ်းမရဲ့ မီးရောင်တွေအောက် မျက်စိတစ်မှိတ်အတွင်းမှာပဲ ကားဟာ ဒုန်းခနဲ ဆောင့်သွားခဲ့တယ်။ ခရီးသည်ထိုင်ခုံမှာ ထိုင်နေတဲ့ ဂျီမင်းအတွက်တော့ ဒါဟာ သွေးပျက်စရာပါပဲ။ သူတို့စီးလာတဲ့ကားဟာ မိန်းကလေးငယ်တစ်ယောက်ကို တိုက်မိခဲ့ပြီလေ။ ဒါပေမဲ့ သူမနဲ့ စေ့စပ်ထားတဲ့ ကားမောင်းသူထိုင်ခုံက အူဂျင်းအတွက်တော့ သူတို့တိုက်မိတဲ့အရာက သမင်တစ်ကောင်ရယ်ပါ။ အူဂျင်းက လီဗာကို နင်းပြီး မှောင်ပိန်းနေတဲ့ လမ်းမကြီးကနေ ထွက်လာလိုက်တယ်။ သူတို့တိုက်မိခဲ့တဲ့ သမင် (သို့မဟုတ်) လူကတော့ ကျန်ရစ်ခဲ့တာပေါ့။ သူတို့တိုက်မိခဲ့တဲ့အရာက လူလို့ တစ်ထစ်ချ ယုံကြည်နေတဲ့ ဂျီမင်းဟာ ဒီဖြစ်ရပ်ကို ရဲစခန်းဆီ သွားပြီးတိုင်ချက်ဖွင့်ခဲ့တယ်။ ဒါပေမဲ့ ရဲတွေ စစ်ဆေးကြည့်လိုက်တဲ့အခါ လူအလောင်းမဟုတ်ဘဲနဲ့ သမင်အလောင်းသာ တွေ့ခဲ့ရတယ်။ ရဲတွေရဲ့စကားအရရော သူမရဲ့ ခင်ပွန်းလောင်းရဲ့ စကားအရရော ဘာမတော်တဆမှုမှ ဖြစ်ခဲ့တာမဟုတ်ဘူးတဲ့။ ဆေးဝါးအရှိန်အောက်ရောက်နေတဲ့ သူမဟာ ဘယ်အရာက လက်တွေ့မှန်း၊ စိတ်ကူးတွေမှန်း ခွဲခြားမရနိုင်အောင် ဖြစ်နေပါပြီ။ ကိုယ့်ရဲ့ ပိုင်းခြားနိုင်စွမ်းကိုတောင် ကိုယ့်ဘာသာ ပြန်ယုံကြည်လို့မရတဲ့ ကမ္ဘာကြီးမှာ ဘယ်အမှန်တရားက အန္တရာယ်အများဆုံးလဲ.....? Plot Twist ကို ခန့်မှန်းမိနိုင်ရင်တောင် တကယ်မြင်ရတဲ့အခါမှာ စိတ်ထဲတစ်မျိုးကြီးဖြစ်သွားစေမဲ့ ရုပ်ရှင်ပါ။ မင်းသား၊ မင်းသမီးတွေအနေနဲ့လည်း သာမန်မဟုတ်တဲ့ ဇာတ်ကောင်မျိုးတွေကို ပိရိစွာ သရုပ်ဆောင်နိုင်လို့ ကြည့်ရသူအဖို့ တစ်ကားလုံး နစ်မြောသွားမှာ အသေအချာပါပဲ။ Kairos , My Military Valentine ထဲက မင်းသမီး Nam Gyu Ri, မင်းသားLee Chun Hee နဲ့ Lee Kyu Han တို့က အဓိက ပါဝင်ထားပါတယ် .. File size…1.91GB / 867MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 30 min. Genre …..Thriller, Mystery, Horror, Supernatural Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း