ဇာတ်ကားများ ရွေးရန်

The Last Whale Singer

2026ဇာတ်ကားအမှတ် 9.0/1091 မိနစ်

The Last Whale Singer (2026) ရေအောက်ကမ္ဘာရဲ့ အလှအပတွေကို ခံစားရင်း မိသားစုနဲ့အတူ ကြည့်လို့ကောင်းမယ့် 3D ကာတွန်း ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းက ဗင်းဆင့် (Vincent) ဆိုတဲ့ ဆယ်ကျော်သက် ဝေလငါးလေးကို အဓိကထား ရိုက်ကူးထားတာပါ။ ဗင်းဆင့်ရဲ့ အဖေက သမုဒ္ဒရာကြီးကို သူ့ရဲ့ မှော်ဝင်သီချင်းတွေနဲ့ ကာကွယ်ပေးခဲ့တဲ့ နောက်ဆုံး "ဝေလငါး အဆိုတော်" ပေါ့။ ဒါပေမဲ့ မိဘတွေ သေဆုံးသွားတဲ့အခါ ဗင်းဆင့်က အရမ်းဝမ်းနည်းပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပျောက်ဆုံးနေခဲ့တယ်။ အဲဒီအချိန်မှာ အရည်ပျော်နေတဲ့ ရေခဲတောင်ကြီးထဲကနေ လီဗိုင်ယာသန် (Leviathan) ဆိုတဲ့ ဘီလူးကြီး လွတ်မြောက်လာပြီး သမုဒ္ဒရာထဲက သက်ရှိတွေကို သူ့ရဲ့ သေစေလောက်တဲ့ အဆိပ်မှင်တွေနဲ့ ဒုက္ခပေးလာပါတော့တယ်။ တကယ်ဆို ဗင်းဆင့်က သူ့အဖေလိုပဲ ကိုယ်ပိုင်သီချင်းကို ရှာဖွေပြီး ဒီအန္တရာယ်ကို တားဆီးရမှာပါ။ ဒါပေမဲ့ သူက ကြောက်ရွံ့ပြီး ကိုယ့်ကိုယ်ကိုယ် မယုံကြည်နိုင်ဖြစ်နေတော့ သူ့မိဘတွေကို ဒဏ္ဍာရီလာ 'Star Pool' ကနေ ပြန်ခေါ်လာဖို့ ရေအောက်ကမ္ဘာရဲ့ အနက်ရှိုင်းဆုံး နေရာတွေဆီ အန္တရာယ်များတဲ့ ခရီးကို ထွက်ခဲ့တယ်။ သူ့အဖေ ပြန်လာရင် ဒီဘီလူးကြီးကို နှိမ်နင်းပေးနိုင်မယ်လို့ မျှော်လင့်ပြီးပေါ့။ ဒီခရီးစဉ်မှာ သူ့ကို အမြဲစောင့်ရှောက်ပေးတဲ့ ဝေါလ်တာ (Walter) ဆိုတဲ့ ငါးကပ်ခွာလေးရယ်၊ သတ္တိရှိတဲ့ ဒါယာ (Darya) ဆိုတဲ့ နားမကြားတဲ့ အော်ကာ ဝေလငါးမလေးရယ်က အတူတူ လိုက်ပါသွားကြတယ်။ ဒီကားလေးက ရေအောက်ကမ္ဘာရဲ့ လှပတဲ့ မြင်ကွင်းတွေကို Unreal Engine နည်းပညာတွေ သုံးပြီး အမိုက်စား ဖန်တီးထားတာပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတည်ဆောက်တာ၊ သူငယ်ချင်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်တာ၊ ပြီးတော့ ချစ်ရတဲ့သူတွေ ဆုံးရှုံးသွားတဲ့ ဝမ်းနည်းမှုကို ကျော်ဖြတ်ပြီး ရင့်ကျက်လာတာတွေကို ပေါ့ပေါ့ပါးပါးနဲ့ ရိုက်ပြထားပါတယ်။ ကလေးတွေအတွက်ရော လူကြီးတွေအတွက်ပါ ရသပေးစွမ်းနိုင်မယ့် အန်နီမေးရှင်း ရုပ်ရှင်ကားကောင်းလေး တစ်ကား ဖြစ်ပါတယ်။ File size… (1.6 GB) / (900 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Animation, Family Duration…. 01:31:00 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း