ဇာတ်ကားများ ရွေးရန်

Propeller One-Way Night Coach

2026ဇာတ်ကားအမှတ် 5.9/1061 မိနစ်

Propeller One-Way Night Coach (2026) ++++++++++++++++++++ "Propeller One-Way Night Coach"ဇာတ်ကားဟာ နာမည်ကြီးမင်းသားကြီး John Travolta ကိုယ်တိုင် ဒါရိုက်တာအဖြစ် ပထမဆုံးပုံဖော်ရိုက်ကူးပြီး ဇာတ်ညွှန်းရေး၊ ထုတ်လုပ်သူအပြင် နောက်ခံစကားပြောသူအဖြစ်ပါ ပါဝင်ထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်.... ဇာတ်လမ်းလေးကတော့ လေကြောင်းလောကရဲ့ ရွှေခေတ်ဖြစ်တဲ့ ၁၉၆၀ ပြည့်လွန်နှစ်တွေကို နောက်ခံထားထားပါတယ်။ လေယာဉ်ပျံတွေကို ရူးရူးမူးမူး ဝါသနာပါတဲ့ ဂျက်ဖ်ဆိုတဲ့ ၈ နှစ်အရွယ် ကောင်လေးတစ်ယောက်နဲ့ သူ့ရဲ့မိခင်ဖြစ်သူ ဟယ်လန်တို့ဟာ ဟောလိဝုဒ်ကို သွားဖို့အတွက်ခရီးစဉ်တစ်ခုကို စတင်ခဲ့ကြပါတယ်။ ရိုးရှင်းတဲ့ လေယာဉ်စီးခရီးစဉ်တစ်ခုကနေ လေယာဉ်ပေါ်က အစားအသောက်တွေ၊ ချစ်စရာကောင်းတဲ့ လေယာဉ်အမှုထမ်းတွေ၊ မမျှော်လင့်ဘဲ ခေတ္တရပ်နားရတဲ့ ခရီးတစ်ထောက်တွေနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ခရီးသည်တွေကြောင့် ကောင်လေးရဲ့အနာဂတ်ကို ပြောင်းလဲစေမယ့် ဘဝမှတ်တိုင် ခရီးစဉ်တစ်ခု ဖြစ်လာပုံကို ရိုက်ကူးထားတာပါ.... ကလေးတစ်ယောက်ရဲ့ အမြင်နဲ့ လေကြောင်းလောကအပေါ် ထားတဲ့ ရိုးသားတဲ့အချစ်ကို ဖော်ပြထားတဲ့ ချစ်စရာဇာတ်ကားလေးဖြစ်လို့ ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ်.... File Size… (768MB) / (408MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 1m Genre ….Adventure , Drama , Family Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း