ဇာတ်ကားများ ရွေးရန်

Wire Room

2022ဇာတ်ကားအမှတ် 6.6/1097 မိနစ်

အထူးအေးဂျင့် ဂျပ်စတင်ရိုဆာဟာ နိုင်ငံတော်လုံခြုံရေးဌာနမှာ ဒုစရိုက်သမားကြီးတွေကို လျှို့ဝှက်စောင့်ကြည့်ရတဲ့ ကင်းထောက်ခန်းဆီ တာဝန်ကျလာပါတယ်။ သူတို့ စောင့်ကြည့်ရမယ့်သူက လက်နက်နဲ့ မူးယစ်ဆေးမှောင်ခိုခေါင်းဆောင် အက်ဒီဖလင်းပါ။ အက်ဒီကို ဖမ်းဆီးနိုင်ဖို့ အခြေအနေစောင့်ကြည့်ရုံတင်မကဘဲ အသက်မသေဖို့ပါ ကာကွယ်ပေးရမှာ ဖြစ်ပါတယ်။ အက်ဒီဆီမှာ FBI က အလိုရှိနေတဲ့ အကျင့်ပျက်ရဲဝန်ထမ်းတွေရဲ့ စာရင်းရှိနေလို့ပါ။ ဒါပေမယ့် အက်ဒီက ပြဿနာပေါင်းစုံကြား ရောက်နေသူဖြစ်ပြီး တစ်ဖက်မူးယစ်ဂိုဏ်းနဲ့ အကျင့်ပျက်ရဲတွေကလည်း သူ့ကို ရှင်းပစ်ဖို့ ကြိုးစားလာကြတယ်။ ရိုဆာတို့အဖွဲ့မှာ ကိုယ်ဖမ်းမယ့်သူကိုပဲ အရင်ဆုံး အသက်ရှင်အောင် ကာကွယ်ပေးနေရပါတယ်။ ဘရုစ်ဝီလီက ဒီအက်ရှင်သည်းထိတ်ရင်ဖိုကားမှာ ဇာတ်ပို့အဖြစ် ပါဝင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း