ဇာတ်ကားများ ရွေးရန်

An Oprah Winfrey Special: The Menopause Revolution

2025ဇာတ်ကားအမှတ် 5.2/1042 မိနစ်

An Oprah Winfrey Special: The Menopause Revolution (2025) ဟောလိဝုဒ်ရဲ့နာမည်ကြီး talkshow host တစ်ယောက်ဖြစ်တဲ့ Oprah Winfrey က ဦးဆောင်ပြီး အမျိုးသမီးထုတစ်ရပ်လုံးအတွက် အရေးကြီးပေမဲ့ ပွင့်ပွင့်လင်းလင်း ပြောလေ့မရှိကြတဲ့ သွေးဆုံးခြင်း (Menopause) ကျန်းမာရေးကိစ္စရပ်တွေကို အသိပညာပေးတင်ဆက်ထားတဲ့ အထူးမှတ်တမ်းတင် Talk Show အစီအစဉ်ကောင်းတစ်ခု ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာတော့ Oprah Winfrey ဟာ သွေးဆုံးခါနီးအချိန် နဲ့ သွေးဆုံးပြီးချိန်တွေမှာ အမျိုးသမီးတွေ ကြုံတွေ့ရလေ့ရှိတဲ့ ခန္ဓာကိုယ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေအကြောင်းကို ဟောလိဝုဒ်ရဲ့ နာမည်ကြီး အော်စကာဆုရမင်းသမီး Halle Berry၊ Naomi Watts နဲ့ ကာလီဖိုးနီးယားအုပ်ချုပ်ရေးမှူးကတော်ဟောင်း Maria Shriver တို့နဲ့အတူ စားပွဲဝိုင်းဆွေးနွေးပွဲ ပုံစံမျိုးနဲ့ တင်ဆက်ထားပါတယ်။ သူတို့ဟာ သွေးဆုံးခြင်းကြောင့် ကြုံရတဲ့ စိတ်အခြေအနေ အပြောင်းအလဲများ၊ ခန္ဓာကိုယ်အပူဒဏ်ခံရမှုများ ၊ လိင်မှုဘဝအပြောင်းအလဲများနှင့် လူမှုပတ်ဝန်းကျင်က သွေးဆုံးခြင်းအပေါ် အမြင်မှားနေကြတဲ့ အယူအဆဟောင်းတွေကို သူတို့ရဲ့ ကိုယ်ပိုင်ဘဝအတွေ့အကြုံတွေနဲ့ ယှဉ်ပြီး ပွင့်ပွင့်လင်းလင်း ဝေမျှသွားကြပါတယ်။ ဒါ့အပြင် ဝါရင့်ကျန်းမာရေးပညာရှင်တွေ၊ ဆရာဝန်ကြီးတွေကလည်း ခေတ်သစ်ဆေးပညာအရ အမျိုးသမီးတွေ ဘယ်လိုမျိုး ကြိုတင်ပြင်ဆင် နေထိုင်ရမလဲဆိုတာကို လမ်းညွှန်ပြသထားတဲ့ အစီအစဉ်ကောင်းတစ်ခုဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း