ဇာတ်ကားများ ရွေးရန်

Under Suspicion: Kate McCann

2026ဇာတ်ကားအမှတ် 5.3/1063 မိနစ်

Under Suspicion: Kate McCann (2026) IMDb Rating (5.3) ဒီဇာတ်လမ်းက 2007 ခုနှစ် စက်တင်ဘာမှာ ဖြစ်ပွားခဲ့တဲ့ Kate McCann အပေါ် ပေါ်တူဂီရဲတွေရဲ့ မတရားတဲ့ စုံစမ်းစစ်ဆေးရေး ဖြစ်ရပ်မှန်ကို အခြေခံပြီးတော့ ရိုက်ကူးထားတာပါ။ Kate McCann က သူ့ရဲ့ သုံးနှစ်သမီးလေး Madeleine ပျောက်ဆုံးသွားလို ပေါ်တူဂီရဲကိုတိုင်ခဲ့ပြီး သုံးလအကြာမှာ ဒီစုံစမ်းစစ်ဆေးရေးကို လုပ်ဆောင်ခဲ့ကြပါတယ်။ အစပိုင်းမှာတော့ ရဲတွေက Kate ကို ပူဆွေးကြေကွဲနေတဲ့ မိခင်ဖြစ်သူ မျက်မြင်သက်သေတစ်ယောက်အနေနဲ့ပဲ စစ်ဆေးမေးမြန်းခဲ့ကြပေမဲ့ သူတိုရဲ့ကိုယ်ပိုင်အမှားကြောင့် တရားခံမရှာနိုင်တဲ့နောက်မှာတော့ သူတိုရဲ့ ညံ့ဖျင်းတဲ့ စုံစမ်းစစ်ဆေးရေးကို ဖုံးကွယ်ဖိုအတွက်နဲ့ ဘာသဲလွန်စမှမရှာနိုင်လို မီဒီယာတွေရဲ့ ဝေဖန်မှုတွေကနေ နာမည်ပြန်ရဖိုအတွက် မိဘတွေဖြစ်တဲ့ Kate McCann နဲ့ သူ့အမျိုးသားကို ကိုယ့်သမီးကိုယ်ပြန်သတ်ခဲ့တဲ့ သံသယရှိသူအဖြစ် စွပ်စွဲလာကြပါတယ်။ ပေါ်တူဂီရဲတွေက Kate McCann ကို သူ့ရဲ့သမီးကို သတ်ခဲ့ပြီး အလောင်းကိုဖျောက်ခဲ့တယ်ဆိုတဲ့ သက်သေမျိုးစုံနဲ့ စွပ်စွဲပြီး လူသတ်မှုကို ဝန်ခံပြီး အပြစ်လျှော့ပေါ့ခံဖို၊ မဝန်ခံရင် တရားဝင်သံသယရှိသူအဖြစ် သတ်မှတ်မယ်လို ခြိမ်းခြောက်လာခဲ့ကြပါတော့တယ်။ ဒီဇာတ်လမ်းမှာတော့ ကြာရှည်ပြင်းထန်တဲ့ စစ်ဆေးမေးမြန်းမှုအတောအတွင်း Kate McCann ကြုံတွေခဲ့ရတဲ့ စိတ်ပင်ပန်းဖိစီး‌မှုတွေ၊ မီဒီယာတွေရဲ့ စပ်စုတာတွေ၊ စိတ်ဒဏ်ရာရစရာ အမှုနဲ့ပတ်သက်ပြီး အထပ်ထပ်မေးခွန်းထုတ်ခံရတဲ့ အကျပ်ရိုက်မှုတွေကို မွန်းကြပ်ဖိုကောင်းအောင် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size… (420 MB) / (280 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:03:56 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း