Bunny!!
Bunny!! (2026) ဗီယက်နမ်ရုပ်ရှင်လောကရဲ့ စံချိန်တင် ရုပ်ရှင်အမြတ်ဆုံး ဒါရိုက်တာနဲ့ မင်းသားကြီး Trấn Thành က ရိုက်ကူးပြီး... လူမှုကွန်ရက်ပေါ်က ပြီးပြည့်စုံတဲ့ ဘဝတွေရဲ့ ကန့်လန့်ကာနောက်ကွယ်က လျှို့ဝှက်ချက်တွေ၊ စိတ္တဗေဒဆန်ဆန် ခြောက်ခြားမှုတွေကို သေချာရိုက်ကူးထားပြီး ဇာတ်လမ်းဇာတ်အိမ် တည်ဆောက်ပုံ၊ အလှည့်အပြောင်းတွေက မထင်ထားရလောက်အောင်ကောင်းတဲ့ Psychological Thriller - Drama ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ လူမှုကွန်ရက်နဲ့ မီဒီယာပေါ်မှာ အလွန်အောင်မြင်ကျော်ကြားပြီး ပရိသတ်တွေ အားကျရတဲ့ အချစ်ရေးနဲ့ လူမှုဘဝအတိုင်ပင်ခံအမျိုးသမီးတစ်ဦး (LyLy) အကြောင်းကနေ စတင်ထားပါတယ်။ သူမဟာ သူတစ်ပါးရဲ့ အိမ်ထောင်ရေး၊ အချစ်ရေးပြဿနာတွေကို အကောင်းဆုံး ဖြေရှင်းပေးလေ့ရှိပြီး... သူမကိုယ်တိုင်ရဲ့ ဘဝကိုလည်း အလွန်ပြီးပြည့်စုံအောင် တည်ဆောက်ထားသူပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ သူမရဲ့ အစီအစဉ်ဆီကို လျှို့ဝှက်ဆန်းကြယ်တဲ့ နောက်ခံဇာတ်ကြောင်းတွေ ရှိနေတဲ့ ဧည့်သည်ကောင်မလေးရောက်ရှိလာပါတော့တယ်။ အဲဒီဧည့်သည်ရဲ့ ထူးဆန်းပြီး မှောင်မိုက်လှတဲ့ ကိုယ်ပိုင်ဇာတ်လမ်းကို နားထောင်ရင်း... အိမ်ထောင်ရေး စီးပွားရေးလူမှုဘဝကို စနစ်တကျ တည်ဆောက်ထားတဲ့ အတိုင်ပင်ခံမမရဲ့ ဘဝကြီးဟာ တဖြည်းဖြည်းချင်း လှုပ်ခတ်လာပါတော့တယ်။ အကြောင်းကတော့ သူ့ယောက်ျားနဲ့ ဒီရင်လာဖွင့်တဲ့ကောင်မလေးနဲ့က ဖောက်ပြနေတာကို တီဗီအစီအစဉ်မှာ လာဖွင့်ချသွားလို့ပါ.. ဘယ်လိုမှ မထင်မှတ်ထားတဲ့ အခြေအနေကနေ သူတို့ ၂ ယောက်ရဲ့ဘဝတွေ ဘယ်လိုဆက်ဖြစ်သွားမလဲကြည့်ရမယ့် ဆိုက်ကိုဆန်ဆန် သည်းထိတ်ရင်ဖို ဒရမ်မာကားမျိုး ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း